14

248 18 0
                                    

ရာဇဝင်ထဲက အချစ် ..

" ဒီထဲမှာ ... မျှော့တွေ မြွေတွေ ရှိနေမှာပေါ့ ... အရှင့်သား မကြောက်ဘူးလား "

ဗညား လှေကိုခပ်ဖြည်းဖြည်းလှော်ရင်း မင်းသားကို မေးလိုက်သည် ။ ဗညား၏ မေးခွန်းအဆုံးတွင် မင်းသားက ခပ်ဖွဖွရယ်ကာ

" ငါ့အနားမှာ မင်းတစ်ယောက်လုံးရှိနေတာပဲ .... ဘာကိုကြောက်ရမှာလဲ "

ဟု ဖြေသည် ။ ထို့နောက် ထိုင်နေရာမှ ဗညားပေါင်ကို ခေါင်းအုံး၍ လှဲလိုက်သည် ။ ဗညား မိမိပေါင်ကို ခေါင်းအုံးထားသော မင်းသား၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ရေထဲသို့ ငေးကြည့်နေမိသည် ။ ထိုသို့ငေးနေရင်း ရုတ်တရက် ကြာခွက်နှင့်ကြာဥအကြောင်း တွေးမိသွားသဖြင့် မင်းသားကို

" အရှင့်သား .... ကြာဥတို့ ကြာခွက်တို့ စားဖူးလား "

ဟု မေးလိုက်သည် ။ ဗညား၏မေးခွန်းကို မင်းသားက ခေါင်းခါပြသဖြင့် ဗညား အနားတွင်ရှိသော ကြာခွက်တစ်ခုကို လှမ်းချိုးလိုက်သည် ။ ထို့နောက် ကြာစိတစ်ခုကိုထုတ်ကာ အခွံခွါပြီး မင်းသားအား ခွံ့ကျွေးလိုက်သည် ။

" အရသာရှိလား "

ဟု မေးလိုက်သော ဗညား၏မေးခွန်းအဆုံးတွင် မင်းသားက

" ကောင်းတယ် "

ဟူ၍ ပြန်ဖြေသည် ။

" အင်း ... ကြာဥလဲစားလို့ကောင်းတယ် အရှင့်သားရ ... နန်းတော်ပြန်ရောက်ရင် ကျွန်တော်မျိုးပြုတ်ကျွေးမယ် "

🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻🌻

" အကယ်၍ ငါတို့နှစ်ယောက်ထဲနေရမဲ့အချိန်ဆိုတာရှိခဲ့ရင် ငါတို့ဒီလိုနေရာလေးမှာနေကြမယ် "

မင်းသားက ပြာလဲ့နေသော ကောင်းကင်ကြီးကို ငေးကြည့်ရင်း ဗညားအားပြောသည် ။ ထို့ကြောင့် ဗညား ခေါင်းညိတ်လိုက်ပြီး

" အင်း ... နေကြမယ် "

ဟု ပြောလိုက်သည် ။ ဆက်၍

" အရှင့်သားအတွက် ကျွန်တော်မျိုး ရေကန်လေးတူးပြီး ကြာပန်းတွေစိုက်ပေးမယ် "

ဟု ပြောလိုက်သည် ။ ဗညား၏စကားအဆုံးတွင် မင်းသားက ပြုံး၍ခေါင်းညိတ်သည် ။ မင်းသား၏ပုံစံက ချစ်စရာကောင်းနေသောကြောင့် ဗညား ထိုင်နေရက်ကပင် မင်းသား၏နဖူးကို ငုံ့နမ်းလိုက်သည် ။ ထိုအခါ မင်းသားက ဗညား၏လည်ပင်း ကို လက်ဖြင့်ခပ်ဖွဖွဆွဲထားပြီး နှုတ်ခမ်းကိုနမ်းသည် ။ အတန်ကြာအောင်နမ်းပြီးသောအခါမှ ပြန်လွှတ်ပေးသည် ။ ဗညား လှဲနေသောမင်းသားကို ထလာအောင်ထူလိုက်ပြီး

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Onde histórias criam vida. Descubra agora