Chapter - 1

2K 65 0
                                    

အခန်း ( ၁ ) ပို့ဆောင်ခံရသောမိန်းကလေး

ကောင်မလေးက နွေးဦးရာသီရဲ့ အစောပိုင်း တစ်ရက်မှာ ရထား စီးပြီး ထွက်လာခဲ့သည်။ညနေစောင်းနေပြီဖြစ်၍ ဗီးလ် ရမ်မာ က နှင်းဆီပျိုးပင်များကို စိုက်ပျိုးရန် အလုပ်များနေခဲ့၏။

" ဦးလေးက ဗီးလ် ရမ်မာလား? "

ကောင်မလေးက သတိထားပြီး မေးလိုက်တယ်။
ဗီးလ် ဟာ သူမကို တွေဝေစွာဖြင့် ကြည့်လိုက်၏။ သူမရဲ့ အသံထွက်သည် အလွန်ချောမွေ့သော်လည်း သူမ၏ လေယူလေသိမ်းနှင့်ပတ်သက်၍ တစ်ခုခု လွဲချော်နေသည်။

" ဟုတ်တယ် ငါက ဗီးလ် ‌ရမ်မာ ပဲ "

ဗီးလ်က သူ့လက်ထဲက ဖုန်တွေကို သုတ်လိုက်ပြီး
ကောက်ရိုးဦးထုပ်ကို ချွတ်ပစ်လိုက်တာကို ကောင်မလေးက ကြည်နေခဲ့၏။သူ့ဦးထုပ် ကျယ်ကျယ်မှ အရိပ်က ဖုံးကွယ်မနေတော့ဘဲ သူရဲ့နီးရဲသော မျက်နှာ အသားအရောင်ကို မြင်လိုက်ရသောအခါ သူမက တုန်လှုပ်သွားတော့သည်။

ထိုတုံ့ပြန်မှုက ဗီးလ် အတွက် အသစ်အဆန်းတော့မဟုတ်ခဲ့။ သူရဲ့ကြမ်းတမ်းသောအသွင်အပြင်နှင့် ကြီးမားသော ကိုယ်ခန္ဓာတည်ဆောက်မှုကို ပထမဆုံးမြင်လိုက်ရသောအခါ လူအများစုသည် အလားတူတုံ့ပြန်ခဲ့သောကြောင့်ပင်။

" နင်က ဘယ်သူလဲ? "

ဗီးလ်က မျက်မှောက်ကြုပ်ရင်း မေးလိုက်၏။မျက်မှောက်ကြုပ်ခြင်းက သူ့မျက်နှာကို ပို၍ ကြောက်ဖို့ကောင်းတဲ့ပုံစံပင် ဖြစ်နေလျက်။

" မဂ်လာပါ ဦးလေ ဗီးလ် သမီးနာမည်က လေလာလီဝဲယ်လ်လင်းပါ။လိုဗီတာကနေ လာခဲ့တာပါ "

ရှင်းရှင်းလင်းလင်းနဲ့ဖြေညှင်းစွာ သူမ ပြန်ဖြေလိုက်၏။

လိုဗီတာ.....

ဗီးလ်သည် ထူးဆန်းသော လေယူလေသိမ်းဖြင့်
သူမ ဘာလို့ပြောခဲ့လဲဆိုတာ အခုမှ သဘောပေါက်သွားတော့သည်။ 

"မင်း နယ်စပ်ကိုဖြတ်ပြီးဒီနေရာကိုတစ်ယောက်တည်း လာခဲ့တာလား "

"ဟုတ်ကဲ့ သမီး ရထားစီးပြီးလာခဲ့တာပါ "

ရှက်ရွံ့စွာ ပြုံးရင်း သူမ၏ ကိုယ်ဟန်အနေအထားကို သဘာဝမကျစွာ အတိုင်းအတာတစ်ခုအထိ ဖြောင့်တန်းခဲ့၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now