အခန်း ( ၉ ) ထိုနှိမ့်ကျသော မိန်းမလှလေး
"အဲ့ဒါ တတယ်ပဲ သူမလား?ဥယျာဥ်မှူးပြုစုစောင့်ရှောက်နေတဲ့ မိဘမဲ့ကလေးမလေး?"
ဥယျာဥ်မှူးကို နှင်းဆီခင်းမှာ ကူညီပေးနေသော မျက်မှန်တပ်ထားတဲ့ အမျိုးသမီးငယ်လေးကို ဥယျာဉ်ခြံရဲ့ ပြတင်းပေါက်ကနေ ငေးကြည့်ရင်း မျက်ခုံးများ တွန့်ချိုးကာ Countess Brandt မေးလိုက်တယ်။
"ဟုတ်တယ် မေမေ။အဲ့ဒီကောင်မလေးက လေလာပါ"
ဇာပန်းထိုးနေတာကို အာရုံစိုက်ရင်း ခယ်လ်ရိုဒင်းန် ဖြေလိုက်၏။ပန်းထိုးခြင်းကို အရင်ကလိုပဲ သူမကျွမ်းကျင်လျက်ရှိသည်။ပြတင်းပေါက်ဝန်းကျင်နားသို့ သူမအမေ လျှောက်လှမ်းလာချိန်မှာတော့ စိတ်ရှည်လက်ရှည် အပ်နှင့်ချုပ်လုပ်နေခဲ့တယ်။ထိုသို့ ပြုလုပ်ပြီးတဲ့အခါ အရောင်အသွေးမျိုးစုံရှိသည့် နှင်းဆီပန်းလေးတွေဟာ သူမရဲ့လက်ချောင်းလေးတွေကြောင့် ပွင့်လန်းလာသလိုပင်။
"သူမက ချောမောလှပတဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ပဲ။မေမေကော အဲ့လိုထင်မိလား?။အရွယ်ရောက်လာတာနဲ့အမျှ သူမ ပိုလှလာတယ်လို့ သမီးတော့ ထင်တယ်"
"အဲ့ဒါက သမီးကို စိတ်အနှောင့်အယှက်မဖြစ်စေဘူးလား?"
"မေမေရဲ့စိုးရိမ်ပူပန်မှု့ကို သမီးနာလည်ပါတယ်"
ကျေနပ်သောအပြုံးလေးနဲ့ သူမရဲ့ပန်းထိုးဘောင်ကို ငုံ့ကြည့်ရင်း ခယ်လ်ရိုဒင်းန် ဖြေလိုက်၏။
Countess Brandtမျက်လုံးတွေဟာ စိုးရိမ်ပူပန်မှုများဖြင့် ပြူးကျယ်သွားသည်။အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ အသွင်ရှိပြီး နောက်ဆုံးမှာ ကျန်းမာသော ကလေးတစ်ဦးမမွေးဖွားမီ အကြိမ်ပေါင်းများစွာ သူမ ကိုယ်ဝန်ပျက်ကျခဲ့ဖူးသည်။ထိုကလေးသည် Brandtမိသားစုရဲ့ တစ်ဦးတည်းသောသမီး ခယ်လ်ရိုဒင်းန်းပင်။
အမွေဆက်ခံမည့်သူ သားယောကျ်ားလေး မွေးဖွားပေးနိုင်ခြင်းမရှိသောကြောင့် ခင်ပွန်းဖြစ်သူက ထားသွားမည်ကို စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ Countess Brandt ရှင်သန်နေရသည်။သူမခင်ပွန်းရဲ့ အပျော်မယားလဲ သူ့အတွက် သားတစ်ယောက်မွေးထုတ်ပေးနိုင်ခြင်းမရှိပေမယ့် အဲ့ဒါက Countess Brandtအတွက် အနည်းငယ် ဖြေသိမ့်မှုရစေတယ်။ငယ်ငယ်ရွယ်ရွယ်ချောမောလှပသော မိန်းမပျိုလေးတစ်ဦးက တစ်နေ့မှာ ပေါ်လာကာ သားလေးတစ်ယောက် မွေးဖွားပေးပြီး ခင်ပွန်းသည်ရဲ့အချစ်တွေကို ခိုးယူသွားမည်ကို အမြဲတမ်း သူမ စိုးရိမ်ပူပန်နေလျက်။
YOU ARE READING
တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]
Romanceသူရဲ့လှပတဲ့ငှက်မလေး လေလာဟာ လှောင်အိမ်ကိုဖွင့်ပြီး ထွက်ပြေးသွားတဲ့အခါ မက်သီးယက်က ဆုံးဖြတ်ချက်ချခဲ့တယ် ~ " သူမကို ထာဝရ ဆုံးရှုံးသွားပြီး ပြန်မရနိုင်ရင် သူမကို ငါ သတ်ပစ်လိုက်မယ်" ❗Story is not mine. All credits to Original author and english translat...