Chapter - 16

690 43 6
                                    

အခန်း ( ၁၆ ) ဘာမှမဟုတ်သည့်အရာ

နေဝင်စပြုလာသည်နှင့်အမျှ တော်အုပ်သည် ရုတ်ခြည်း မှောင်မိုက်လာ၏။

ငှက်သေကောင်ကို ငိုင်တွေတွေ မျက်လုံးများဖြင့် လေလာ စိုက်ကြည့်နေပြီး မက်သီးယက်က သူမကို ငေးကြည့်နေခဲ့သည်။တိတ်ဆိတ်မှုက မိနစ်အနည်းငယ်ကျော်လွန်သွားသော်လည်း သူ စိတ်မရှည်ခြင်း မရှိခဲ့။လေလာသည် သူ့ရှေ့တွင် ရှိနေဆဲရှိပြီး သူမသည် အချိန်မရွေး ထွက်ပြေးမယ့်ပုံမပေါ်ချေ။

နောက်ဆုံးတော့ လေလာ ခေါင်းမော့လာပြီး စကားစတင်ပြောလာခဲ့၏။

"ဒီအတိုင်း...."

သူ့ကို စိုက်ကြည့်ရင်း သူမရဲ့မျက်လုံးတွေထဲမှ ဒေါသတွေသည် အမှောင်ထုထဲမှာတောင် ကြည်လင်နေခဲ့သည်။

သူမက သူ့မျက်လုံးများကို ရဲဝင့်စွာစိုက်ကြည့်ရဲသည့်အချက်ကြောင့် မက်သီးယက် စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေ။မျက်လုံးချင်းဆုံတာက သူမ လုံးဝ ရှောင်လွှဲနေတာထက်စရင် ပိုကောင်းသည်ပင်။

သူမဆက်ပြောလာ၏။

"ဒီအတိုင်းလေးပဲ ကျွန်မကို ပြောပြပါ။ရှင့်ကို ဘာများ ဆန့်ကျင်ကျူးလွန်အမှားလုပ်မိခဲ့လို့လဲ ကျွန်မကို ပြောပြပေးပါ"

"အမှား?"

"ဟုတ်တယ်!ရှင့်ကို ကျွန်မ ဘာလုပ်ခဲ့မိလို့.... ဒီလို ကြောက်စရာကောင်းတဲ့ပုံစံနဲ့ အပြစ်ပေးနေရတာ လဲ?"

"ငါ မင်းကို အပြစ်ပေးတာ မဟုတ်ဘူး"

သူ လေးနက်စွာ ပြန်ဖြေခဲ့သည်။

"ငါအလုပ် ငါလုပ်ပြီး မင်းအလုပ် မင်းလုပ်တယ် လေ ဒါက ရိုးရှင်းပါတယ် လေလာ"

စိတ်ရင်းအတိုင်း သူ ထုတ်ပြောခဲ့၏။

"မင်းကျူးလွန်ခဲ့တဲ့အမှားကို ငါမသိဘူး..."

ခဏလောက် အတွေးထဲ နစ်မြုပ်သွားပြီးနောက် ငြိမ်သက်သော မျက်လုံးများဖြင့် သူမကို ကြည့်ကာ မေးလာ၏။

"ငှက်​​တွေကို မင်း ဘာလို့များ အရမ်းတွေသဘောကျရတာလဲ?"

စောစောက သူမေးခဲ့သောမေးခွန်းနှင့် အတူတူပင်ဖြစ်ပြီး မပြောင်းလဲသော လေသံဖြင့် သူမေးခဲ့သည်။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now