Chapter - 14 ( part 2 )

584 35 17
                                    

မက်သီးယက် လက်ဖျောင့်တစ်ချက်တီးလိုက်တာနဲ့ လှောင်အိမ်လေးထဲမှာ ငြိမ်သက်စွာ ထိုင်နေသည့် ကနေရီ (စာဝါငှက်)လေးက သူ့ဆီသို့ ပျံသန်းလာခဲ့၏။

ပြတင်းပေါက်ဘောင်ကို မှီရင်း သူ့လက်ကိုဆန့်ထုတ်
ပေးလိုက်သည့်အခါ ငှက်ကလေးက သူ့လက်ချောင်းပေါ်တွင် တွယ်ကပ်နားနေခဲ့တယ်။၎င်း၏ ညှပ်ထားသော အတောင်အမွေးများသည် ပြန်ပေါက်လာတာကြောင့် ယခုအခါ ယခင်ကထက် အနည်းငယ် ‌ပိုဝေး‌ဝေး ပျံသန်းနိုင်နေပြီ။ထိုအတောင်အမွေးများကို ထပ်ညှပ်ရန် လိုအပ်ပေမယ့်ပထမဆုံးအကြိမ်လောက် ခပ်တိုတိုလေး ကိုက်ညှပ်ပစ်ဖို့ မလိုအပ်တော့ဘူးလို့ မက်သီးယက် ထင်မိ၏။

ကနေရီ(စာဝါငှက်)လေးက သူ့‌လက်ညှိုးပေါ်တွင် ထိုင်ကာ သီကျူးသီချင်းဆိုနေချိန်တွင် ပြတင်းပေါက်အောက်သို့ သူ ငုံ့ကြည့်လိုက်သည်။ဥယျာဥ်မှူး ဗီးလ်ရမ်မာသည် ဥယျာဉ်ကိုပြုစုစောင့်ရှောက်သည့် သူ့တာဝန်ကို ထမ်းဆောင်နေခဲ့တယ်။မကြာခဏ သူ့ကို ကူညီပေးလေ့ရှိသည့် လေလာလီဝဲယ်လ်လင်း ဒီနေရာမှာ ရှိမနေခဲ့ချေ။ဒီရက်ပိုင်းအတွင်း သူမကို သူ မတွေ့ခဲ့ချေ။သူမမျက်မှန်ကို ရှာရန်လာခဲ့သည့် ညကတည်းကပင်။ထိုအဖြစ်အပျက် ဖြစ်ပြီးကတည်းက မက်သီးယက်ကို ကပ်ဆိုးတစ်ခုလိုမျိုး သူမ ရှောင်ရှားနေခဲ့သည်။

ကနေရီ (စာဝါငှက်)လေးကို လှောင်အိမ်ထဲသို့ ပြန့်ထည့်လိုက်ပြီး သူ၏အမဲလိုက်ဝတ်စုံ အနီရောင်ဂျက်တတ်ကို ဝတ်လိုက်သည်။

'သူမကို ငါ အလိုရှိတယ်။ '

သူ့တွေ့ကြုံခံစားနေရသည့် ခံစားချက်ကို မက်သီးယက်သဘောပေါက်လာခဲ့၏။လေလာကို သူ တောင့်တလိုချင်နေခဲ့တာပင်။

ထိုအချက်ကို ငြင်းဆန်နေစရာ သူ့အတွက် မလိုအပ်ချေ။လေလာ လီဝဲယ်လ်လင်းသည် လှပသောအမျိုးသမီးတစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့ပြီး ယောက်ျားတစ်ယောက်၏ လိုချင်တပ်မက်မှုကို
နှိုးဆွလှုံ့ဆော်ပေးနိုင်လောက်အောင်အထိ ချောမောလှပ၏။သို့သော် ထိုကဲ့သို့ ဆန္ဒမျိုးက ခဏတာမျှသာ ဖြစ်ပြီး သိပ်မကြာမီ ပျောက်ကွယ်သွားမည်ဆိုတာ သူလည်းသိ၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now