Chapter - 13 ( part 2 )

536 38 10
                                    

ထိုအဖွဲ့သည် ရှန်ပိန်သောက်ရင်း ညဉ့်နက်သည်အထိ ပျော်ရွှင်စွာ ရယ်မောလျက်ရှိပြီး အပြီးသက်၌ သူတို့ထွက်ခွာသွားကြသည်။

ဧည့်ခန်းကို သန့်ရှင်းရေးလုပ်နေကြသည့် အိမ်အကူများကို ဖြတ်ကျော်လာရင်း ညဘက် တစ်ယောက်တည်း လမ်းလျှောက်ထွက်ရန် အပြင်သို့ မက်သီးယက် ထွက်လာခဲ့သည်။ပြုံးရယ်ချင်းမရှိသည့် သူ့မျက်နှာသည် အမှောင်ထုကြီးကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေလျက်။သူချထားသော ငါးစာကို စစ်ဆေးရန်အချိန်တန်ပြီ။သူမကခပ်တုံးတုံးမဟုတ်သဖြင့် ‌သတိပြုမိပြီး သေချာပေါက်လက်လျော့အရှုံးမပေးမှာကိုလည်း သူသိ၏။ဒါ့ကြောင့် သူမ သေချာပေါက် ငါးစားလာဟပ်လိမ့်မည်။

ထိုအတွေးတွေကို တွေးတောရင်း နှင်းဆီဥယျာဉ်ကို  ဖြတ်ပြီး တောထဲသို့ လျှောက်လှမ်းလာခဲ့သည်။မြစ်ကမ်းအနီးသို့ ရောက်သောအခါ လေသည် ပို၍‌ အေးမျှလာ၏။တောအုပ်ထဲမှ ကျော်လာပြီး မြစ်ကမ်းဘေးရှိ အပန်းဖြေအိမ်ရှေ့တွင် ရပ်တန့်လိုက်သည်။လမင်းကြီးသည် ကြည်လင်ဖြူစင်သော အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပလို့နေလျက်။

အခန်းတွင်းရှိ ဧည့်ခန်းထဲသို့ဝင်ကာ ဗီရိုအံဆွဲကို ဖွင့်လိုက်သည်။ထိုနေရာတွင် တည်ရှိနေသည့် မျက်မှန်လေးသည် လရောင်အောက်တွင် လင်းလပ်တောက်ပလို့နေလျက်။မျက်မှန်ကို ယူလိုက်ပြီး သူရဲ့ကနေရီ (စာဝါငှက်)လို ညင်သွာစွာ ကိုင်ရင်း ပင်ပန်းနုံးချည့်နေပြီဖြစ်သည့် သူရဲ့ခန္ဓာကိုယ်ကို ဆိုဖာပေါ်သို့ မှီလှဲချလိုက်၏။

'ဒီငါစားကနေ ဘာကို ဖမ်းမိဖို့ ငါ ကြိုးစားနေရတာလဲ?'တောက်ပြောင်သည့် မျက်မှန်ကို ကြည့်ရင်း သူတွေးနေခဲ့သည်။အဖြေထွက်မလာပေမယ့် စိတ်ထဲမထားခဲ့ချေ။'သူမ ထောက်ချောက်မိခဲ့ရင်တော့ အဖြေကို သိလိမ့်မည်။  '

မျက်မှန်ကို လေထဲသို့ မြှောက်လိုက်ဖမ်းလိုက် အကြိမ်ကြိမ်လုပ်ရင်း လရောင်လွှမ်းသောညသည် ပို၍ နက်ရှိုင်းလာခဲ့၏။

***

အဲ့ဒါက ရူးကြောင်ကြောင်နိုင်တဲ့ အပြုအမူပဲ။ဒါကို အပြည်အဝ လေလာ သဘောပေါက်၏။အသိရှိသည့် မည်သူမျှ မြို့စားမင်း၏အိမ်ငယ်လေးထဲသို့ ခိုးဝင်ဝံ့မှာ မဟုတ်ပေ။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now