Chapter - 8 ( part 2 )

573 29 1
                                    

"သူမ တော်တော်လေး ကြီးပြင်းလာတယ်မဟုတ်လား?အခုဆို မိန်းမပျိုလေးတစ်ယောက်နဲ့တောင်တူလာပြီ"

လေလာ ထွက်သွားတာကိုကြည့်ပြီး ခယ်လ်ရိုဒင်းန် ဝေဖန်လိုက်သည်။အသက်တစ်နှစ်လောက်လေးပဲ သူမပိုကြီးသာတောင်မှ သူမသမီးအကြောင်းပြောနေသည့်မိခင်တစ်ယောက်ရဲ့လေသံ အတိုင်းပင်။

"ဘာလို့ဆို သူမလဲ မိန်းမပျိုလေးတစ်ယောက်ဖြစ်လာပြီမို့"

ခပ်ရေးရေးလေးပြုံးကာ မက်သီးယက် ပြန်ဖြေလိုက်၏။

"အင်း ရှင်ပြော‌တာ ဟုတ်ပါတယ်လေ။လေဒီလို့ ခေါ်ရလောက်တဲ့အထိ သူမအရွယ်တောင်ရောက်နေပြီပဲ"

အတွေးတွေထဲ မနစ်မြုပ်မီ ခယ်လ်ရိုဒင်းန်ပြန်ဖြေခဲ့တယ်။ခဏအကြာမှာတော့ တောက်ပစွာပြုံးလိုက်ပြီး ခေါင်းစဥ်ကို လျှင်မြန်စွာ ပြောင်းကာ ပြောလိုက်သည်။

"အိုး စကားမစပ် ရှင်ကြားမိသေးလား Rietteက ကားအသစ်တစ်စီး ဝယ်ခဲ့တယ်ဆိုတဲ့ အကြောင်းလေ"

တော်ဝင်မျိုးနွယ်တွေရဲ့စကားဝိုင်းကို သူတို့စတင်ပြောခဲ့ကြသည်။‌လေလာ အစတည်းက အဲ့စကားဝိုင်းမှာ မရှိခဲ့သလိုမျိုးပင်။ဒါပင်မယ့်လဲ သိပ်မကြာခင် မမျှော်လင့်ထားတဲ့ နေရာတစ်ခုမှာ သူမပြန်ပေါ်လာခဲ့၏။

လက်ဖက်ရည်သောက်ကာ အပန်းဖြေပြီးတဲ့နောက် ခယ်လ်ရိုဒင်းန်နှင့်အတူ Arvisသို့ မက်သီးယက်ပြန်လာခဲ့သည်။ယာဥ်ကြောပိတ်ဆို့မှု့ကြောင့် ထိုင်နေစဥ် ကားနောက်ခန်းရှိထိုင်ခုံမှ အပြင်ဘက်သို့ငေးကြည့်ရင်း လမ်းမပေါ်တွင် ကောင်လေးတစ်ယောက်နဲ့ လမ်းလျှောက်ကာ လေလာ စက်ဘီးတွန်းနေခဲ့တယ်။သူမ သွားတွေ့မယ့် သူငယ်ချင်းပဲဖြစ်မည်။

ကောင်လေးရဲ့မျက်နှာကို ရင်းနှီးပုံရ၏။ခဏအကြာမှာတော့ သူဘယ်သူလဲဆိုတာ မက်သီးယက် မှတ်မိသွားသည်။မိသားစုဆရာဝန်ရဲ့သားပင်။သူ့နာမည်က ခိုင်း အက်မန်ဆိုတာ သေချာ၏။

ကောင်လေးက သူမမျက်မှန်ကို သူ့လက်ညှိုးနဲ့ အကြိမ်ကြိမ် ခေါက်ပြီးတဲ့နောက် လေလာ တစ်ခုခု အော်ပြောလိုက်သည်။ဒါကြောင့်လဲ ကောင်လေးက သူ့ရဲ့ ကျီစယ်မှု့ကို နှစ်ဆတိုးခဲ့တယ်။နောက်ဆုံးမှာ လေလာ သက်ပြင်းချကာ ရယ်မောလိုက်၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now