Chapter - 10

616 34 4
                                    

အခန်း ( ၁၀ ) ဒါက တောင်းဆိုမှုတစ်ခု လို့ မင်းထင်နေတာလား?

"မစ္စတာ ရမ်မာ ဘယ်မှာလဲ?"

ရိုသေသမှုနဲ့ ‌ခေါင်းကို နှိမ့်ချထားသော လေလာကို မြို့စားမင်း မေးခဲ့၏။သူမရဲ့ နှုတ်ခမ်းနားက မုန့် အစအနများကို သုတ်ရင်း ဖြေလိုက်သည်။

"ဦးလေးက မြို့ထဲကို အလုပ်ကိစ္စနဲ့သွားတယ်။ကိစ္စတစ်ခုခုများ ရှိလို့လား?"

မြို့စားမင်း Herhardt အနည်းငယ်ခေါင်းညိတ်ပြပြီးနောက် သူ့အကြည့်တွေက လေလာနောက်မှ ခိုင်းကို လှမ်းကြည့်ကာ ယဥ်ကျေးပျူငှာစွာပြုံးပြခဲ့၏။မြို့စားမင်းရဲ့ဖော်ရွေသောအမှုအရာကို ကြည့်ပြီး ခိုင်း စိတ်သက်သာရာ ရသွားတော့သည်။

Dowager Herhardtကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးသည့် ခိုင်း ၏ဖခင်ကို ကျေးဇူးတင်ကြောင်း ခိုင်းအား စကားပါပေးရန် မြို့စားမင်း
တောင်းဆိုခဲ့သည်။ထို့နောက် လေလာဆီသို့ တစ်ဖန်လှည့်ကြည့်လိုက်တယ်။သူ့နှုတ်ခမ်းက အပြုံးတွေ ပျောက်ကွယ်သွားတော့ သူဖြေဖြေးချင်း ပြောလာခဲ့၏။

"ကောင်းပြီ လေဒီ လေလာ၊မစ္စတာ ရမ်မာ မရှိတော့ ငါ့အတွက် နှင်းဆီပန်းအချို့ မင်းခူးပေးနိုင်မလား?"

"နှင်းဆီပန်း?ဥယျာဉ်ခြံထဲက နှင်းဆီပန်းတွေကိုလား?"

"အင်း၊အရောင်မျိုးစုံခူးလာပြီးတော့ မြစ်ကမ်းနားက ငါ့အခန်းကို ယူလာခဲ့လိုက်"

နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြလိုက်ပြီး မြင်းရဲ့ဇက်ကြိုးကို ဆွဲကာ လေလာရဲ့ တုံ့ပြန်မှု့ကိုတောင် အချိန်မပေးဘဲ သူထွက်သွားခဲ့သည်။

ဘီစကွတ်မုန့်တွေ ပေကျံနေတဲ့ သူမ၏အင်္ကျီနှင့်စကတ်ကိုငုံ့ကြည့်ကာ လေလာ သက်ပြင်းချလိုက်တယ်။ကမန်းကတန်းနဲ့ မုန့်အစအနတွေကို ခါချလိုက်သော်လည်း သူမခံစားရသည့် အရှက်တကွဲဖြစ်ရခြင်းကိုတော့ မဖယ်ရှားနိုင်ခဲ့ပေ။

"အာ လေလာ မုန့်အစအနတွေ မရှိတော့ဘူးလို့ ငါထင်တယ်။နင် ရပ်လိုက်ပါတော့ဟ"

ခိုင်း ရယ်မောရင်းပြောလိုက်၏။

"ဒီလိုအချိန်မျိုးဆို သူက ဘာလို့ ပေါ်ပေါ်လာရတာလဲ?"

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now