Chapter - 13 ( part 1 )

563 24 3
                                    

အခန်း ( ၁၃ ) လရောင်လွှမ်းသောညတစ်ည

အခန်းငယ်လေးထဲမှ ဒေါသထွက်ကာ ထွက်သွားသည့်နေ့နှင့်မတူဘဲ ယနေ့ လေလာသည် ‌နူးညံ့သိမ်မွေ့ပြီး ကြော့ရှင်းသော မိန်းမပျိုလေးတစ်ယောက်အဖြစ်နဲ့ ရောက်ရှိလာခဲ့၏။ဆိုဖာပေါ်တွင် မှီလှဲရင်း သူမကို မက်သီးယက် စိုက်ကြည့်နေခဲ့လျက်။

"ဒီလို မယဥ်ကျေးတဲ့ ကျွန်မရဲ့ အပြုအမှုအတွက် တောင်းပန်ပါတယ် မြို့စားမင်းရှင့်"

သူရဲ့အကြည့်ကို ‌ရှောင်ရှားရန် ခေါင်းကို ခပ်နိမ့်နိမ့်လေး ငုံ့ကာ တုံ့ဆိုင်းစွာဖြင့်ပြောလိုက်၏။သူမရဲ့ ရှည်လျားပြီး ထူထဲသော မျက်တောင်မွှေးများက ငုံ့ထားသောအခါ နူးညံ့သိမ်မွေ့သော အရိပ်အယောင်ကို ပေါ်လွှင်နေပုံရ၏။တစ်ခဏကြာမျှ သူမရဲ့နှုတ်ခမ်းကို စိတ်လှုပ်ရှားစွာဖြင့် ကိုက်လိုက်ပြီး ဆက်ပြောလာခဲ့သည်။

"စိတ်မရှိပါနဲ့ ဒါပင်မယ့် ကျွန်မမေးစရာလေးရှိလို့ပါ"

ထို့အချိန် ဖုန်းက စတင်မြည်လာခဲ့သည်။

သူ့ထိုင်ခုံမှ ဖြည်းဖြည်းချင်းဆီ မက်သီးယက် ထလာပြီးတုန်လှုပ်နေသည့် လေလာကို ဖြတ်ကျော်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ရှုပ်ထွေးသော စာချုပ်ကိစ္စနှင့်ပတ်သက်သည့် စီးပွားရေးဖုန်းပင် ဖြစ်ပုံရ၏။

လိုင်းတစ်ဖက်ရှိလူနှင့် ကျွမ်းကျင်စွာ စကားစမြည် ဦးဆောင်ပြောနေသည့် မက်သီးယက်ကို လေလာ အံ့အားသင့်စွာ ကြည့်နေခဲ့သည်။တည်တည်ငြိမ်ငြိမ် အထက်စီးဆန်သည့် လေသံနှင့် အတိုချုပ်ဖြင့် ယဥ်ယဥ်ကျေးကျေး စကား‌များကို ရံဖန်ရံခါ ပြောဆိုတတ်ပြီး သူ့အာဏာနှင့်အရှိန်အဝါက အခြားလူအပေါ် လွှမ်းမိုးနိုင်ကြောင်း ထင်ရှားနေလျက်။Karlsbarတွင်နေထိုင်သူများ အမြဲချီးမွမ်းလေ့ရှိသော ပြီးပြည့်စုံသည့် မြို့စားမင်း Herhardtကို သတိမှုမိသလိုမျိုး လေလာ ခံစားခဲ့ရ၏။သူမမျက်မှန်ကို ခိုးယူခဲ့တဲ့တစ်ယောက်က သူဖြစ်တယ်ဆိုတဲ့ သူမရဲ့သံသယသည် ရယ်‌စရာကောင်းနေသလိုပင်။

'ဒီနေရာကို ငါဘာလို့ ရောက်လာမိမှန်း မသိတော့ဘူး။သူ မဖြစ်နိုင်ပါ‌ဘူးလေ....။ဒါဆို တတယ်ပဲ ကျီးကန်းများလား?။'တောအုပ်ထဲမှာ ကျီးကန်းအသိုက် မည်မျှရှိသည်ကို စိတ်နှင့်ရေတွက်ရင်း ဖုန်းပြောနေသည့် မြို့စားမင်းကို အသံတိတ်နှုတ်ဆက်လိုက်၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now