Chapter - 3 (part 2)

585 37 1
                                    

သူမရဲ့မေးစေ့လေးကို လက်ဖဝါးပေါ်တွင်ထောက်ထားရင်း ခယ်လ်ရိုဒင်းန်သည် အကြောင်းအရာတစ်ခုခုကို နယ်ချဲ့တွေးတောကာ သက်ပြင်းချလိုက်၏။သက်ပြင်းချက်တစ်ခုချင်းဆီနဲ့အတူ သူမရဲ့အညိုရောင်ဆံပင်ကောက်ကောက်များကလဲ လှုပ်ခါနေလျက်။

Countess Brandt က သူ့သမီးကို မျက်မှောင်ကြုတ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ခယ်လ်ရိုဒင်းန် ကျေးဇူးပြုပြီး မိန်းမပျိုလေးတစ်ယောက်လို ပြုမူနေထိုင်စမ်း"

သူမရဲ့အသံမှာ စိတ်မရှည်ခြင်းတွေအပြည့်ရှိနေ၏။ 

ခယ်ရိုဒင်းန် သည် မိန်းမပျို‌လေးဟု ခေါ်ရန် ငယ်ရွယ်သေးသော်လည်း Arvisရဲ့ မြို့စားကတော် ဖြစ်လာမယ့်သူဖြစ်၏။Countess Brandt သည် သူမရဲ့
သမီး ကလေးဆန်တဲ့ ပုံစံကို ကြည့်ကာ သက်ပြင်းလေးသာ ချလိုက်တော့သည်။

"သမီး အရမ်းအထီးကျန်ပြီး ပျင်းနေတယ်"

ခယ်လ်ရိုဒင်းန် ငြီးတွားလိုက်၏။

လက်ဖက်ရည် စားပွဲမှာ ထိုင်နေတဲ့ အခြား တော်ဝင် အမျိုးသမီးများက သူမကို လှမ်းကြည့်ခဲ့သည်။သူမသမီးလေးရဲ့ ကလေးဆန်မှုကြောင့် ဒေါသထွက်ကာ မျက်နှာနီးမြန်းလာတဲ့ Countess Brandt က ပြန်ပြောလိုက်သည်။ 

"ဒါဆို နင့်အစ်ကိုဝမ်းကွဲတွေနဲ့ သွားကစား"

ဘယ်လိုပဲဖြစ်နေ ခယ်လ်ရိုဒင်းန်ရဲ့ သဘောထား
မပြောင်းလဲခဲ့ဘူး။

"သူတို့က သမီးကို အဲ့ဒီမှာမရှိသလို ဆက်ဆံတယ်။ သမီး နားမလည်နိုင်တဲ့စကားတွေလဲ ပြောတယ်"

ခယ်လ်ရိုဒင်းန်ရဲ့ သနားစရာကောင်းသော အမူအရာကြောင့် တော်ဝင် အမျိုးသမီးတွေထံမှ နူးညံ့တဲ့ ရယ်သံလေးများထွက်လာခဲ့သည်။

"ဟုတ်ပါပြီ သူမပျင်းနေတာကလဲ ပုံမှန်ပါပဲ။ သူမနဲ့ရွယ်တူ သူငယ်ချင်းလဲမရှိဘူးလေ"

အဲလိစ် ဗွန် ဟာဟာ့က်ဒ်က သူမ၏ပေါင်ပေါ်ရှိ ခွေးဖြူလေးကို ပွတ်ရင်း ပြောလိုက်၏။

"ကြည့်ပါလား မေမေ?။မြို့စားကတော် Herhardt ကမှ သမီးကို နားလည်ပေးနိုင်သေးတယ်"

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now