ပါတီပွဲသို့ ဆရာဝန်ရဲ့သားနှင့်အတူ လေလာ လီဝဲယ်လ်လင်း ရောက်လာခဲ့သည်။မက်သီးယက် ဧည့်သည်တွေကို ကြိုဆိုရင်း လှည့်ကြည့်လိုက်တော့ ရုတ်တရက် သူမက ခိုင်း အက်မန်နှင့်အတူ ဝင်လာတာကို တွေ့လိုက်ရ၏။ဟက်စန်သည် အရာရာတိုင်းတွင် ပြီးပြည့်စုံသော အိမ်တွင်းအစေခံမှူးတစ်ဦးဖြစ်ကြောင်းကို သူမရဲ့ပုံပန်းအသွင်အပြင်က ချက်ချင်းပင် သက်သေပြခဲ့သည်။သူ စီစဥ်ပေးထားသော အဝတ်အစားများနှင့်အသုံးအဆောင်ပစ္စည်းများကြောင့် သူမ လှပနေပုံရ၏။မိတ်ကပ်လိမ်းခြယ်ထားခြင်းနှင့် ဆံပင်ပုံသွင်းထားခြင်းမျိုးမရှိဘဲ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားရင်လည်းပဲ သူမက လှပနေအုံးမည်ဆိုတာ မက်သီးယက် ယုံကြည်မိသည်။
မက်သီးယက်အကြည့်တွေဟာ ရှူးဖိနပ်မှ ဂါဝန်သို့ ဖြည်းဖြည်းချင်းဆီ ရွေ့လျားလာပြီး နောက်ဆုံး သူမ၏ချောမွေ့သောလည်တိုင်နားမှာ ဆင်မြန်းထားသော လည်ဆွဲပေါ်မှာ အကြည့်ရပ်တန့်သွားခဲ့သည်။ပုလဲနှင့်မြတို့ဖြင့် ပြုလုပ်ထားသည့် လှပသော လည်ဆွဲတစ်ခုပင်။
ဂါဝန်နှင့်ဖိနပ်ပိုင်းကို ဟက်စန် ပြင်ဆင်ခဲ့ပေမယ့် လည်ဆွဲကတော့ မက်သီးယက်ရဲ့ ရွေးချယ်ခဲ့ခြင်းဖြစ်၏။အကြောင်းတိုက်ဆိုင်သွားခြင်းပင်။ဟိုတယ်သို့ ချိန်းဆိုထားသည့် သွားရာခရီးစဥ်မှာ၊ လက်ဝတ်ရတနာဆိုင်တွင် ပြတင်းပေါက်နား ပြသထားသည့် လည်ဆွဲကြိုးကို သူ မြင်ခဲ့လိုက်သည်။လက်ရာမြောက်စွာ ဖန်တီးထားသည့် ကြည်ကြည်လင်လင်စိမ်းမြမြ အရောင်ဟာ သူ့ကို ဆွဲဆောင်နေခဲ့၏။ထို့ကြောင့် စံအိမ်တော်သို့ ပြန်ရာလမ်းမှာ လည်ဆွဲဝယ်ရန် ဟက်စန်ကို အမိန့်ညွှန်ကြားခဲ့၏။
တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရသဖြင့် ရုတ်ခြည်း လေလာ လှည့်ကြည့်လိုက်သည်။နွေရာသီသစ်တောကဲ့သို့ စိမ်းစိုနေသည့် သူမ၏မျက်လုံးတွေက မက်သီးယက်မျက်နှာကိုဦးတည် ကြည့်လိုက်၏။မျက်မှန်တပ်ဆင်ထားခြင်းမရှိတာကြောင့် သူ့ကို မမှတ်မိခင် သူမ မျက်မှောင်ကြုပ်ကြည့်မိသည်။
မက်သီးယက် မျက်တောင်မခက် ကြည့်နေချိန်တွင် လေလာ တုန်လှုပ်သွားပြီး မျက်နှာလွှဲပစ်တော့၏။သူမနှင့်အတူရှိသည့် ကောင်လေးရဲ့လက်မောင်းကို
တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပုန်းရှောင်သလိုမျိုး ခိုင်းနောက်သို့ ရွှေ့သွားလိုက်သည်။
YOU ARE READING
တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]
Romanceသူရဲ့လှပတဲ့ငှက်မလေး လေလာဟာ လှောင်အိမ်ကိုဖွင့်ပြီး ထွက်ပြေးသွားတဲ့အခါ မက်သီးယက်က ဆုံးဖြတ်ချက်ချခဲ့တယ် ~ " သူမကို ထာဝရ ဆုံးရှုံးသွားပြီး ပြန်မရနိုင်ရင် သူမကို ငါ သတ်ပစ်လိုက်မယ်" ❗Story is not mine. All credits to Original author and english translat...