Chapter - 4 (part 2)

590 32 12
                                    

သူမဒီမြို့ကိုရောက်လာပြီး လအနည်းငယ်အတွင်းမှာ အများကြီး ကြီးပြင်းလာတယ်လို့ သူမကိုကြည့်ရင်း Bill ထင်ခဲ့သည်။သံချောင်းလေးလိုတော့ ပိန်လှီးမနေတော့ပဲ သူမ ပိုပြီးကြည့်ကောင်းလာတယ်။
သူမရဲ့နဂိုကိုယ်ထည်ပုံစံကိုက ငှက်တစ်ကောင်လိုမျိုး ‌သေငယ်ပြီးသွယ်လျတယ် ဒါ့ကြောင့် ကြီးထွားဖွံ့ဖြိုးမှု့နဲ့အရပ်ရှည်လာဖို့ အလားအလာမရှိပေ။
တစ်နေ့မှာ သူမက လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး။
ဒီအတွေးက ရုတ်တရတ် သူ့ကို စိတ်ရှုပ်စေတယ်။

ဆင်းရဲနွမ်းပါးသော အမျိုးသမီးများအတွက် ရုပ်ရည်ချောမောခြင်းဟာ အန္တရာယ်ရှိပြီးတော့ အလွယ်တကူလဲ ဒုက္ခရောက်နိုင်သေးတယ်။ ယုံကြည်စိတ်ချလို့ရနိုင်တဲ့ တစ်နေရာကို သူမကိုပို့ဖို့ သိ‌ပင်မယ့် မိဘမဲ့ဂေဟာကကော စိတ်ချလို့ရနိုင်လား။သူတို့ရဲ့ဘဝတွေကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင်တော့ မိဘမဲ့ကျောင်းတွေဟာ ကလေးတစ်ဦးကို ပို့ရန် ပြီးပြည့်စုံသော နေရာတစ်ခုပဲ။

'စောက်သုံးမကျတဲ့ဒီကမ္ဘာကြီးထဲမှာ လူယုတ်မာတွေကြီးပဲ'လို့သူတွေးလိုက်တယ်။ကလေးမလေးကိုစွန့်ပစ်ပြီးသူဆီကိုပို့ခဲ့တဲ့ လူယုတ်မာတွေကို စိတ်ထဲမှာ ကျိန်ဆဲရင်း ဘီယာကိုသောက်ခဲ့လိုက်တယ်။

သူ့အရင်နေ့ရက်တွေကို ပြန်တွေးကြည့်တော့ သူဂရုစိုက်ခဲ့တဲ့ ပန်းတွေဟာ လှလှပပပွင့်လာပြီး အသီးအနှံတွေကို အရသာရှိရှိ ရင့်မှည့်လာအောင် ပြုစုပျိုးထောင်ခဲ့တာ အသေအချာပဲ။ သူ့ဘဝက ဘာလို့ ဒီလို စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်လာရတာလဲ။

"ဦးလေး ဒါကသမီးရဲ့ပိုက်ဆံဆိုရင် သုံးလို့ရတယ်မဟုတ်လား ဟင်"

အစားအစာတွေကို ကြေညက်အောင် ဝါးရင်း လေလာမေးလိုက်၏။

"ရတာပေါ့။မင်းလိုချင်တာ တစ်ခုခုရှိလို့လား?"

"ဟုတ်။ သမီးရဲ့မှတ်စုစာအုပ်ထဲက စာမျက်နှာတွေ ကုန်သွားလို့ အသစ်ဝယ်ချင်တယ်"

"ဒါဆို ဝယ်လိုက်လေ"

"ရောင်စုံခဲတံအချို့လဲ သမီးဝယ်နိုင်တယ်လို့ ဦးလေးထင်လား?"

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now