Chapter - 12 ( part 1 )

750 37 5
                                    

အခန်း ( ၁၂ ) လှည့်စားသော လူကြီးလူကောင်း

ဓာတ်ပြားစက်အပ်သွားကို ဓာတ်‌ပြားပေါ်တွင် ထောက်လိုက်သောအခါ တေးသွားသီချင်းသံများ စတင်ထွက်ပေါ်လာခဲ့သည်။မဟော်ဂနီ ဗီရိုပေါ်တွင် တင်ထားသည့် ဓာတ်ပြားစက်မှ ထွက်ပေါ်လာသော တစ်ကိုယ်တော်အော်ပရာတေးသွားသည် ဧည့်ခန်းအတွင်းရှိတိတ်ဆိတ်မှု့ကို ဖြိုခွဲပစ်လိုက်၏။

ကြိမ်နှုန်းကို အကြိမ်အနည်းငယ် မက်သီးယက် ပြောင်းလဲလိုက်ပြီးနောက် ဝေါ့ဇ်တေးသွားကို ဖွင့်ကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။သီးချင်းတေးသံသည် ငြိမ့်ညောင်းပြီးလှပနေ၏။သူရဲ့လက်ချောင်းရှည်များက စည်းချက်အတိုင်းဆိုဖာလက်တန်းပေါ်ကို ဖြည်းဖြည်းချင်းဆီ တီးခတ်နေခဲ့သည်။ဗီရိုပေါ်ရှိ နာရီက ငါးနာရီထိုးနေပြီဟု ညွှန်ပြနေလျက်။

နာရီဘေးရှိ မလှမပ နှင်းဆီပန်းအိုးကို ခဏတာကြည့်ပြီးတဲ့နောက် ပြတင်းပေါက်အပြင်ဘက်က ရှူခင်းတွေဆီသို့ သူ့အကြည့်တွေပြောင်းရွေ့လိုက်၏။ ညနေစောင်းလာသည်နှင့်အမျှ လေက ပို၍အေးလာခဲ့သည်။မြစ်ကမ်းမှ တိုက်ခိုက်လာသောလေပြေတွေက တောအုပ်ဘက်သို့ ဦးတည်မသွားခင် သူ့ဝတ်ရုံကို လှုပ်ယမ်းသွားခဲ့၏။

ဆိုဖာဘေးက စားပွဲပေါ်ရှိ ငွေရောင်ဘူးသေးသေးလေးကို သူ လှမ်းယူဖွင့်လိုက်တယ်။ဘူးအပြည့်နီးပါးထဲက စီးကရက်တစ်လိပ်ကိုယူလိုက်ပြီး မီးညှိလိုက်တော့ ဝေါ့ဇ်တေးသွားလေးက ပြီးဆုံးသွားခဲ့သည်။နောက်တစ်ပုဒ် ခပ်မြူးမြူး တေးသွားကိုနားထောင်းရင်း ဖြည်းဖြည်းချင်းဆီ စီးကရက်ကို သောက်ခဲ့၏။ငြီးငွေ့စရာကောင်းသောနွေရာသီရဲ့ညနေခင်းသည် တိတ်ဆိတ်ငြိမ်သက်လို့နေလျက်။

သီချင်းတေးသွား ရပ်သွားသောအခါ စောစောက သူ ပစ်ထည့်ထားလိုက်သည့် ဗန်းထဲမှ မျက်မှန်ကို ကောက်ယူလိုက်တယ်။မျက်မှန်ကို တပ်ကြည့်လိုက်တဲ့နောက် ချက်ချင်းဆိုသလို သူ မူးနောက်နောက်ဖြစ်သွားခဲ့သည်။

'အဲ့ဒါကြောင့် အမြဲတမ်း သူမ မျက်မှောက်ကြုတ်ထားတာလား?'ငယ်ငယ်က မျက်မှောက်ကြုတ်ထားသော လေလာသေးသေးလေးမျက်နှာကို ပြန်လည်တွေးတောမိလိုက်သည်။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now