Chapter - 5 ( part 2)

587 40 8
                                    

အနက်ရောင်ကားတစ်စီးသည် စံအိမ်တော်ကြီးနှင့်
ဝေးတဲ့ စံအိမ်တော်ထဲသို့ဝင်ရာ လမ်း၏ရှေ့တွင်
ရပ်တန့်ခဲ့သည်။ကားမောင်းသူနှင့်လက်ထောက်တို့နှစ်ယောက်ကို ကြည့်ရတာ ထိန့်လန့်သွားပုံရတယ်။

မြိို့စားမင်း Herhardt ရောက်ရှိလာခြင်းက ဗြုန်းစားကြီးပါပဲ။ မူလသတ်မှတ်ထားသောရက်ထက်စောပြီး မတိုင်မှီရောက်ရှိလာမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် Arvisရှိ ဝန်ထမ်းများသည် မိုးလင်းကနေညမိုးချုပ်တဲ့အထိ အလုပ်များနေကြပြီး သူ့ရောက်ရှိလာရန်အတွက် ပြင်ဆင်နေကြသည်။သူ့ကိုလာကြိုဆိုရန်အတွက် လူနှစ်ဦးသာ စေလွှတ်ခဲ့သည်။ အခုတော့ သူတို့ကို ဒီလို မမျှော်လင့်ထားတဲ့အခြေအနေမှာ မြို့စားမင်းက ရောက်ရှိလာခဲ့သည်။

ကြောက်ကြောက်ရွံ့ရွံ့နှင့် လက်ထောက်Hessenက
ပြောလိုက်သည်။

"သခင်လေး အခုထိလို‌သေး---"

"ကျွန်တော် နည်းနည်းလောက် လမ်းလျှောက်လိုက်အုံးမယ်"

မက်သီးယက် တည်ငြိမ်စွာနဲ့  Hessen စကားကို ဖြတ်ပြောလိုက်သည်။ကားမောင်းသူက တခဏမျှ တွေဝေသွားပြီးနောက် ကားပေါ်မှ အပြေးအလွှားဆင်းကာ အနောက်ခန်းကထိုင်ခုံတံခါးကို ဖွင့်ပေး
လိုက်၏။

"မလိုက်ခဲ့နဲ့"  ကားပေါ်ကဆင်းပြီး သူ့နောက်ကို လိုက်ရန်ပြင်နေတဲ့ Hessenကို ခေါင်းယမ်းပြကာ မက်သီးယက် ပြောလိုက်သည်။

"စံအိမ်တော်ရောက်မှ မင်းကိုတွေ့မယ်"

Hessenကို သူပြုံးပြပြီးနောက် လမ်းလျှောက်ရန်လှည့်ထွက်သွားသည်။

Hessen သည် တခဏမျှ မသေချာမရေရာ တုံ့ဆိုင်းသွားပြီးနောက် သူ့သခင်ရဲ့အမိန့်ကို လိုက်နာကာ ကားထဲသို့ ပြန်ဝင်ခဲ့သည်။ကားမောင်းသူလဲယာဉ်မောင်းထိုင်ခုံသို့ အမြန်ပြန်သွားခဲ့သည်။ သူတို့ မောင်းထွက်သွားပြီးတဲ့နောက် လမ်းမကြီးသည်တစ်ဖန် တိတ်ဆိတ်လို့နေလျက်။သစ်ပင်အရိပ်အောက်တွင် ဖြည်းဖြည်းခြင်းဆီလမ်းလျှောက်ရင်း သူ့အရာရှိဦးထုပ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။သူ့ဘွတ်ဖိနပ်မြည်သံသည် လေပြေလေညင်းထဲမှ လှုပ်ခတ်လာသော သစ်ရွက်လေးတွေရဲ့အသံနဲ့အတူ ရောယှက်လို့နေ၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now