အခန်း ( ၈ ) လုံခြုံစိတ်ချရသောရပ်ဝန်းလေး
တံခါးမှူးကြည့်ရတာ ပျာယာခတ်သွားပုံရ၏။
သူရဲ့အံ့အားသင့်စွာတုန့်ပြန်မှု့က ဒီဟိုတယ်သည် မြို့တော်ရဲ့အကောင်းဆုံးဟိုတယ်ဖြစ်တာကြောင့် စက်ဘီးအဟောင်းတွေနဲ့ ပုံမှန်လာနေကျနေရာမျိုးမဟုတ်မှန်း ရဲယ်အီးလ်လာ နားလည်သဘောပေါက်ကာ သူမခေါင်းညိတ်ပြလိုက်သည်။
လေလာကို တံခါမှူးက သေသေချာချာကြည့်ကာ မြို့စားမင်း Herhardt နှင့် ခယ်လ်ရိုဒင်းန် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေလာ ကို အကြိမ်အနည်းငယ်ပြန်ကြည့်သည်။နောက်ဆုံးမှာ လေလာကို တုံ့ဆိုင်းစွာ သူက ဝင်ခွင့်ပြုလိုက်ပြီး သူမရဲ့စက်ဘီးကို ထားရန် ဟိုတယ်အခန်းစောင့်တစ်ယောက်က ယူသွားခဲ့သည်။သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက် ဟိုတယ်ထဲသို့ လေလာ ဝင်သွားလိုက်၏။
အပြင်ဘက် ဟင်းလင်းပြင်နေရာပါဝင်သော လက်ဖက်ရည်ဧည့်ခန်းသည် ပင်မခန်းမဆောင်ကြီး၏ ညဘက်ခြမ်းတွင်တည်ရှိသည်။သူတို့ကို နှုတ်ဆက်ရန် မန်နေဂျာ အလျင်အမြန်သွားကာ မြစ်ကမ်းဘက်ကို မျက်နှာမူထားတဲ့ စားပွဲဝိုင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားတယ်။နောက်ဆုံးမှ ရဲယ်အီးလ်လာ ဝင်ထိုင်လိုက်၏။ကံဆိုးစွာဖြင့် မြို့စားမင်း Herhardt ရဲ့ မျက်နှာချင်းဆိုင်မှာ သူမ ထိုင်ခဲ့ရသည်။
ထို့နေ့က မြစ်ကမ်းစပ်နားမှာ သူမကို စိုက်ကြည့်နေသောပုံစံကို သတိရသွားသောကြောင့် သူမ မျက်လွှာချလိုက်သည်။မိုးကာအောက်မှာ နွေရာသီရဲ့ ရောင်ခြည်ဟာ စောင်းစောင်းလေးဖြာကျကာ ပါးလွှာသောရွှေရောင်ကိုင်းမျက်မှန်လေးသည် ရောင်ပြန်ဟပ်လို့နေ၏။သူတို့နှစ်ယောက်ကြားတွင် ဘာမှမဖြစ်ခဲ့သလို ပုံစံမျိုးနဲ့ သူမကို သာမန်ကာလျှံကာ မြို့စားမင်းကကြည့်လိုက်သည်။
'အဝတ်အစားကင်းမဲ့နေတဲ့ပုံစံကိုအမြင်ခံရတဲ့ တစ်ယောက်က ငါမဟုတ်ဘဲ သူ ဖြစ်ပါလျက်နဲ့ ငါက ဘာလို့ အရမ်းတွေရှက်မိနေပါလိမ့်?လေလာ တွေးလိုက်သည်။ငါကဲ့သို့ သာမန်လူတွေလည်းပဲ ပရိဘောဂ ဒါမှမဟုတ် ပန်းချီကားတွေနဲ့ တူတယ်လို့ တော်ဝင်မျိုးနွယ်တွေဟာ သတ်မှတ်ထားတာလာလို့သူမ ထင်မြင်ယူဆမိ၏။ပရိဘောဂနှင့်ပန်းချီကားရှေ့မှာ အဝတ်အစားကင်းမဲ့နေခြင်းကို ဘယ်သူမှ ရှက်မှာ မဟုတ်သလို မိမွေးတိုင်းဖမွေးတိုင်းပုံစံကို မြင်လိုက်ရပြီး ထိတ်လန့်တုန်လှုပ်သွားသည့် ပစ္စည်းမျိုးပင်မရှိ။ '
YOU ARE READING
တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]
Romanceသူရဲ့လှပတဲ့ငှက်မလေး လေလာဟာ လှောင်အိမ်ကိုဖွင့်ပြီး ထွက်ပြေးသွားတဲ့အခါ မက်သီးယက်က ဆုံးဖြတ်ချက်ချခဲ့တယ် ~ " သူမကို ထာဝရ ဆုံးရှုံးသွားပြီး ပြန်မရနိုင်ရင် သူမကို ငါ သတ်ပစ်လိုက်မယ်" ❗Story is not mine. All credits to Original author and english translat...