Chapter - 6 ( part 1)

525 33 8
                                    

အခန်း ( ၆ ) Canary (စာဝါငှက် )

Arvisသို့ ခယ်လ်ရိုဒင်းန်း အပေါ်ယံအနေနဲ့လာရောက်လည်ပတ်ခဲ့ပြီး နွေရာသီအစောပိုင်းကာလတွေမှာ ဆွေမျိုးအိမ်သို့ ပုံမှန်အလည်အပတ် သွားဖို့
ပြုမှုခဲ့တယ်။ ဘယ်လိုပင်ဖြစ်စေ သူမလာရောက်
လည်ပတ်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုရှိနေတာကို လူတိုင်းသိကြသည်။

စေ့စပ်ကြောင်းလမ်းမှုကို လူသိရှင်ကြားမကြေညာမီ အသေးစိတ်ညှိနှိုင်းရန် မိသားစုနှစ်စုက တွေ့ဆုံခဲ့ကြတယ်။ဒီတွေ့ဆုံမှု့ရည်ရွယ်ချက်က လူတိုင်းအတွက်သိသာထင်ရှားစေပြီးတော့ မည်သူမျှ ဖုံးကွယ်ဖို့မကြိုးစားဘူး။ခယ်လ်ရိုဒင်းန် ကိုယ်တိုင်တောင်မှပေါ့။

"မင်္ဂလာပါ မြို့စားမင်း Herhardt"

ပြီးပြည့်စုံတဲ့ ကျင့်ဝတ်ထုံတမ်းများနဲ့ မက်သီးယက်ကိုခယ်လ်ရိုဒင်န်း အရိုအသေပြုလိုက်သည်။လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမှတ်မိခဲ့တဲ့အရွယ်မရောက်သေးသောဝမ်းကွဲကလေးမလေးရဲ့ အသွင်အပြင်တောင် မဖော်ထုတ်နိုင်တော့ပေ။

"ကြိုဆိုပါတယ် လေဒီ ခယ်လ်ရိုဒင်းန်"

သူမရဲ့ရိုသေသမှု့ကို တုန့်ပြန်ကာ ဦးညွှတ်လိုက်တယ်။ဒါ သူပထမဆုံးအကြိမ်တွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကို နှုတ်ဆက်နေပုံပါပဲ။ယဉ်ကျေးသိမ်မွေ့တဲ့အပြုံးတွေနဲ့ နှစ်ယောက်သား ဖလှယ်ခဲ့ကြတယ်။

သူတို့နှစ်ယောက်ကြားဆွေးနွေးရန်အတွက် ပြောစရာစကားအသစ်အဆန်းမရှိပေ။သူတို့နှစ်ယောက်
အရမ်းရင်းနှီးတာမျိုးမဟုတ်ပေမယ့် နှစ်ပေါင်းအတောအတွင်းမှာတော့ အကြိမ်ပေါင်းများစွာတွေ့ဆုံကြပြီးတစ်ယောက်ကို တစ်ယောက်ကောင်းကောင်းသိခဲ့ကြတယ်။Matthias Von Herhardtနှင့်Claudine Von Brandt နှစ်ယောက်စလုံးသည် တော်ဝင်မျိုးနွယ်က အဓိကကျတဲ့ ပုဂ္ဂိုလ်တွေပင်။ ဒါက တစ်ယောက်ကိုတစ်ယောက် ရွေးချယ်ရတဲ့ အကြီးမားဆုံးနဲ့ အရိုးရှင်းဆုံး အကြောင်းရင်းပါပဲ။

ခယ်လ်ရိုဒင်းန်ကို စံအိမ်ကြီးရဲ့နောက်ဘက်မှာရှိတဲ့ဖန်လုံအိမ်သို့ လိုက်လျောညီထွေစွာ လိုက်ပို့ပေးတယ်။ သူ့အမေ Elise Von Herhardtက ဖန်လုံ
အိမ်ထဲမှာ နေ့ခင်းဘက် လက်ဖက်ရည်ပြင်ပေးဖို့ အစေခံတွေကို တောင်းဆိုခဲ့တယ်။ခယ်လ်ရိုဒင်းန်အား သူမ၏ချစ်ခင်မှုကို ဖော်ပြသောအနေဖြင့်ပင်။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now