Chapter - 2

780 40 4
                                    

အခန်း (၂ ) လှပသောငှက်များကို သတ်ဖြတ်သူ

ရထားယာဥ်လုံး၏နောက်ခန်းတွင်ထိုင်ကာ အပြင်ဘက်သို့ မက်သီးယက် ငေးကြည့်နေသည်။ လက်ထောက်ဖြစ်သူHessenသည် သူ့မိသားစု၏ဆိုင်းငံ့ထားသော ကိစ္စရပ်များကို အကျဥ်းချုံး ပြောပြခဲ့သည်။ထိုအကျဥ်းချုံးမှာ နွေရာသီမှာ Arvisတွင် အချိန်ကုန်ဆုံးမည့် ဆွေမျိုးများ လာရောက်လည်ပတ်မည့်ကိစ္စများအပါအဝင် လာမည့်လတွင်ကုန်သွယ်သင်္ဘောအတွက် အာမခံကိစ္စများကို ဆွေးနွေးရန် လူမှုရေးဆိုင်ရာစည်းဝေးပွဲတစ်ခုဖြစ်သည်။သူ့ရဲ့အတိုချုံး ရှင်းပြချက်ကိုနားထောင်ပြီးခေါင်းညိတ်ခြင်း သို့မဟုတ် တိုတိုတုတ်တုတ် တုံ့ပြန်မှုဖြင့် မက်သီးယက် တုံ့ပြန်ခဲ့သည်။

အဆိုပါလုပ်ငန်းကို ဒါရိုက်တာများမှ စီမံဆောင်ရွက်လုပ်ကိုင်ကြပြီး မက်သီးယက် ၏မိခင်နှင့် အဖွားတို့သည် မိသားစုရေးရာများကို တာဝန်ယူကြသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ချရန် ဟာဟ့က်ဒ်မြို့စားမင်း သူ့အပေါ်တွင် မူတည်သည်။သူ ဆယ့်နှစ်နှစ်သားအရွယ်ကတည်းက တာဝန်ယူထားခဲ့ရသည့် တာဝန်ပင်ဖြစ်၏။Herhardt အိမ်ခြံမြေသို့ဦးတည်သော Platanus လမ်းပေါ်ရောက်ရှိချိန်တွင် Hessen ၏အစီရင်ခံစာတွေအားလုံးအဆုံးသတ်သွားခဲ့သည်။

သူ့ခေါင်းကို တိမ်းစောင်းငဲ့ကာထိုင်ရင်း ရင်းနှီးနေသော ရှုခင်းကို ငေးကြည့်လိုက်သည်။လက်တွေကို  ဆုပ်ကိုင်ထားသကဲ့သို့ လမ်းတစ်ဖက်တစ်ချက်စီတွင် ခုံးကိုင်းနေသော သစ်ပင်ကြီးများ စီးတန်းထား၏။လွင့်စင်နေသောသစ်ရွက်ကွက်ပြောက်ကြားတွင် နေရောင်ခြည်သည် လှပသော ပုံစံဖြင့် လမ်းကို ဖြာကျလို့နေလျက်။

ခြံထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အပြာနုရောင်အမိုးပါသော အဖြူရောင်စံအိမ်တော်ကြီးတစ်ခု ပေါ်လာသည်။စံအိမ်တော်ကြီးရဲ့အိမ်ရှေ့ဝင်ပေါက်အပြင်မှ မက်သီးယက်ရဲ့ အမေနှင့် အဖွားတို့သည် အိမ်သူအိမ်သားများကိုပါဦးဆောင်ကာ ကြိုဆိုရန် အဆင်သင့်စောင့်ဆိုင်းနေကြသည်။ ရထားယာဥ်လုံးရပ်သွားကာ တံခါးပွင့်လာ၏။

"အိမ်ကနေကြိုဆိုပါတယ် မက်သီးယက် "

Dowager Katharina von Herhardt က သူ့မြေးကို တောက်ပစွာ ပြုံးပြရင်းနှုတ်ဆက်ခဲ့တယ်။ မက်သီးယက် ခေါင်းငုံ့ကာ သူ့အဖွားထံမှ အနမ်းကို လက်ခံလိုက်တယ်။သူ့အမေ Elise von Herhardt
က ပို၍ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နွေးထွေးစွာပွေ့ဖက်ထားရင်းပြုံးပြီး ပြောလာ၏။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now