Chapter - 15

688 71 24
                                    

အခန်း ( ၁၅ ) ညှာတာတဲ့အမဲလိုက်ခြင်း

သူ့အဖော်များကို စံအိမ်တော်ကြီးထဲသို့ ပြန်ပို့ပြီးနောက် တော်အုပ်ကြားရှိ ကျယ်ပြန့်သောလမ်းအလယ်တွင် သူ၏မြင်းကို မက်သီးယက် ရပ်လိုက်သည်။ဦးထုပ်ကို ချွတ်လိုက်သောအခါ သူရဲ့ရှုပ်ယှက်ခတ်နေသော ဆံပင်များက နဖူးပေါ်မှာ ဝဲကျနေ၏။ယခု သွေးများစွန်းကာ ရုန်းရင်းဆန်ခတ်ဖြင့် ပြီးဆုံးသွားလေသည့် တောအုပ်ကြီးသည် ခါတိုင်းထက် ပို၍ ငြိမ်သက်လို့နေလျက်။

နောက်ထပ် (စိတ်)ကျေနပ်စရာကောင်းတဲ့ အမဲလိုက်ခြင်းမျိုးပင်။ချိန်ရွယ်ထားသည့် ပစ်မှတ်တိုင်းကို မက်သီးယက် ထိမှန်အောင်ပစ်ခဲ့ပြီး သတ်ဖြတ်မှု တစ်ကောင်ချင်းစီတိုင်းသည် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းနေခဲ့သည်။သို့သော် အဝေးကိုပျံသန်းဖို့ အသည်းအသန် ကြိုးစားနေသည့် ငှက်တစ်ကောင်ကြောင့် အခုချိန်ထိ သူ စိတ်မကျေမနပ်နိုင်သေး‌ပေ။

သစ်သားအိမ်ငယ်လေးရှိရာသို့ ခဏလောက် လှမ်းကြည့်ပြီးနောက် ထိုဦးတည်ရာဘက်သို့ သူ့၏မြင်းကို ဖြည်းဖြည်းချင်းဆီ လှည့်လိုက်သည်။အမဲလိုက်ကွင်းမှာ နေထိုင်သည့် ကလေးမလေးက အမဲလိုက်ခြင်းပြီးဆုံးသွားတဲ့အခါတိုင်း တောအုပ်ထဲမှာ ရှိုက်ကြီးတငင် ငိုယိုပြီး ငှက်အသေကောင်အားလုံးကို မြှုပ်နှံပေးတတ်သည်ကို သူ မှတ်မိနေသေး၏။ထိုထူးဆန်းတဲ့အပြုအမှုကြောင့် သူ့မှတ်ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း စွဲကျန်ရစ်နေခဲ့
တာပင်။'ကလေးမလေး မဟုတ်တော့တဲ့ အခု အရွယ် ရောက်လာသည့် အဲ့ဒီအမျိုးသမီးကကော?။ ' အဲ့ဒီအကြောင်းကို သူ စူးစမ်းလိုစိတ်ပြင်းပြတာကြောင့် သစ်ကိုင်းအစွန်းမှာ နားနေသည့် သေးငယ်သောငှက်ငယ်လေးကို သေနတ်နဲ့ ချိန်ရွယ်လိုက်ပြီး....

ဘန်း!

တောအုပ်အတွင်းမှ သေနတ်ပစ်ခတ်သံ၏ ပဲ့တင်ထပ်သံမဆုံးခင် ငှက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီဖြစ်၏။

လဲလျောင်းနေသည့် ငှက်သေကောင်ကို ချန်ထားခဲ့ကာ သူ့မြင်းပေါ်သို့ တတ်ခဲ့လိုက်တယ်။ထို့နောက် တခြားငှက်တစ်ကောင်အပေါ် ထိုတူညီသောပစ်ခတ်မှု့ လုပ်ရပ်များကို ထပ်ကာထပ်ကာ ပြုလုပ်ခဲ့၏။ပြီးတော့ တခြားငှက်များအပေါ်။လမ်းတစ်လျှောက် သွေးစွန်းနေသည့် ငှက်များကို ထားခဲ့ပြီးနောက် ညနေခင်း တောအုပ်ထဲသို့ ဦးတည်ကာ ချိန်ရွယ်ပြီး ပစ်ခတ်မှုများ ဆက်လုပ်နေလျက်။

တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]Where stories live. Discover now