အခန်း ( ၁၇ ) အံ့အားသင့်စရာလက်ဆောင်
မစ္စတာရမ်မာပြုစုစောက်ရှောက်နေသည့် ကောင်မလေး လေလာသည် စံအိမ်တော်ကြီးရှိ ပါတီတစ်ခုကို ဖိတ်ကြားခံရကြောင်း Arvisရှိ ဝန်ထမ်းများကြားတွင် လျှင်မြန်စွာ သတင်းပျံ့နှံ့သွားခဲ့၏။ထိုသတင်းကို ကြားသောအခါ အများစုမှာ မယုံကြည်နိုင်စွာ တုံ့ပြန်ခဲ့ကြပြီးနောက် သနားစရာ ရလေလာလေးကို စာနာစိတ်လေးဖြင့် တုံ့ပြန်လာကြသည်။လေလာ ကို သူမ၏ခွေးပေါက်လေးကဲ့သို့ ခယ်လ်ရိုဒင်းန်ဆက်ဆံပြုမှုသည်ကို Arvisတွင် အချိန်အတော်ကြာအလုပ်လုပ်နေကြသည့် ဝန်ထမ်းများအားလုံး သိကြ၏။
"ဒါက ရှင်နဲ့ကျွန်မ နှစ်ယောက်ယောက်ကြားက ကိစ္စပဲ၊ ဒါပေမယ့် ဒီတော်ဝင်မျိုးနွယ်တွေရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ ကျွန်မ မသိဘူး"
စားဖိုမှူးမိုနာက ပြောလိုက်၏။မကြာခင်က ဒီသတင်းကို သူမကြားတာနဲ့ ဒီအကြောင်းကို ပြောပြဖို့ ဗီးလ်ရဲ့အိမ်ကို ပြေးလာခဲ့တာပင်။သူမ အမောတကောနဲ့ ပြောနေဆဲ။
နေ့ခင်းဘက် အပူဒဏ်မှ ရှောင်ရှားရန် အရိပ်ထဲတွင် အနားယူနေသည့် ဗီးလ်သည် ထိုသတင်းကြားလိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။
"တော်ဝင်မျိုးနွယ်တွေက သဘောထားပြည့်ဝတယ်လို့ ပြောကြတယ်"
မိုနာ က ဆက်ပြီး
"ဒါပေမယ့် လေလာ အတွက် ဒီလိုအခြေအနေမျိုးက ဘယ်လောက်တောင် တုန်လှုပ်စရာဖြစ်နေမလဲဆိုတာ တွေးကြည့်ပါအုံး"
"ပါတီပွဲကြောင့် လေလာ တုန်လှုပ်နေမှာ မဟုတ်ဘူး"
ဗီးလ်က ပြန်ဖြေလိုက်တယ်။
"ခဏလောက်လေး မျက်နှာပြပြီး အိမ်ပြန်လာမှာပဲလေ"
"အိုး ဗီးလ်။ဘာတွေပြောနေတာလဲ ရှင် မသိဘူးပဲ၊ယောက်ျားတွေ ဘာလို့ ဒီလောက်တောင် တုံးအရတာလဲ!"
မိုနာရဲ့စူးစိုက်ကြည့်မှုကို ခံရသဖြင့် ဗီးလ်က သူ့လည်ပင်းနောက်ဘက်ကို ကုတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်လိုက်၏။
"သူတို့ကို သင်ခန်းစာပေးသင့်တယ်လို့ ထင်တယ်"
Mona က ပြောလိုက်၏။
YOU ARE READING
တောင်းပန်နေမယ့်အစား ငိုကြွေးလိုက် [ဘာသာပြန်]
Romanceသူရဲ့လှပတဲ့ငှက်မလေး လေလာဟာ လှောင်အိမ်ကိုဖွင့်ပြီး ထွက်ပြေးသွားတဲ့အခါ မက်သီးယက်က ဆုံးဖြတ်ချက်ချခဲ့တယ် ~ " သူမကို ထာဝရ ဆုံးရှုံးသွားပြီး ပြန်မရနိုင်ရင် သူမကို ငါ သတ်ပစ်လိုက်မယ်" ❗Story is not mine. All credits to Original author and english translat...