📌Song recommend.... criminal.. (Britney Spears)စည်းချက်ညီတဲ့ဘားထဲ တီးလုံးသံခပ်မြူးမြူးကကျယ်ကျယ်လောင်လောင်ပင်ပေါ်ထွက်လာသည်။မီးရောင်စုံမှိတ်တုတ်မှိတ်တုတ်က ပျော်ရွှင်မြူးထူးနေတဲ့လူငယ်တွေအတွက် နိဗ္ဗာန်ဘဲ။မလုံတလုံဝတ်စားထားတဲ့ ပျိုမဒီတွေကြားထဲ ဝီစကီခွက်ကိုကိုင်ကာ သီချင်းသံဇဉ်အတိုင်း ခေါင်းလေးလှုပ်ပြီး သာယာနေတဲ့လူငယ်တစ်ယောက်ကတော့ အပူပင်ကင်းစွာ လွတ်လပ်မှုရဲ့အရသာကိုခံစားနေသည်
သွယ်လျတဲ့ခန္ဓာကိုယ်ကောက်ကြောင်းရှိတဲ့ပျိုမဒီတသိုက်ကတော့ ထိုလူငယ်ရဲ့အနားကလိပ်ပြာလေးလိုတဝဲလည်လည်လုပ်နေကြသည်။ဒီညအတွက် ဘယ်သူကအစာဖြစ်မလဲပေါ့။one night standကိုကြိုက်တဲ့သူလက်ညှိုးထိုးလိုက်ရင် ရေမီးအစုံနဲ့လေထီးပါခုန်သွားစေရမယ်။
အဖြူရောင်စွယ်ကျယ်ကိုဝတ်ထားပြီးအပြင်ခံကိုတော့ရှပ်လက်ရှည်အကွက်ထပ်ဝတ်ထားသည်။ဂုတ်ထောက်နေတဲ့ ဆံပင်တွေကိုundercutညှပ်ကာ ponytail စည်းနှောင်ထားပြီး lip piercing ကလည်းနှစ်ကွင်းထပ်ဝတ်ထားသေးသည် ။နားမှာတော့ chainကြိုးပါတဲ့ earrings ကိုဝတ်ထားသည်။ခပ်မိုက်မိုက်နဲ့အထာကျနေတဲ့ ထိုလူငယ်လေးက ပျိုမဒီတွေကြားရေပန်းစားနေပေမယ့် ချည်းကပ်ဖို့ကျခက်ခဲပြန်သည်။မာနကြီးတာလား ချေတာဘဲလားတော့မပြောတက်ဘူး။
သူ့အနားသွားတဲ့ပျိုမဒီတွေမှန်သမျှ မျက်ရည်နဲ့ပြန်လာရတာချည်းဘဲ။ဒါပေမယ့် အီစကလီ လုပ်ရတာတော့ သဘောခွေ့တယ်ထင်၏။ပရောပရည်လုပ်တက်ပြီး မထိတထိနဲ့ကလိတက်သေးသည်။ဒီဘဲမှမမိုက်ရင် ဘယ်သူကမိုက်အုန်းမှာလဲ။$ရမ်းခြွေလွန်းတယ်....!
*ဒီည ဘေ့ တို့နဲ့အတူပျော်ပါလား...*
*နိုး..!*
*ဘာလို့လဲ~~~~~*
*စိတ်မပါလို့....!*
*ဟွန့်..!*
တုတ်ခိုင်တဲ့ပေါင်တံပေါ်ကို မျက်နှာချင်းဆိုင်လှည့်ပြီးခွထိုင်လာတဲ့ မဒီလေးကြောင့် သောက်လက်စ ဝီစကီ ခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး ရင်ဘက်ချင်းနီးကပ်အောင်ဆွဲဖတ်လိုက်သည်။သူ့မျက်နှာနဲ့ နီးကပ်လာတဲ့မဒီလေးရဲ့ရင်နှစ်မြွာကမို့မောက်နေတော့ မခို့တရို့ပြုံးလိုက်ပြီး မျက်ခုံးတချက်ပင့်လိုက်သည်။
![](https://img.wattpad.com/cover/351284411-288-k574494.jpg)