*ဂျောင်ဂု...!.**.........*
*ဂျွန်ဂျောင်ဂု.…...*
*ဘာလဲဗျာ...!အိပ်နေတာကို အတင်းခေါ်နေတာ.....*
*မင်းညကဘယ်အချိန်ပြန်ရောက်လဲ ...*
*မသိဘူး .!*
နံနက်ခင်းကတော့ထုံးစံအတိုင်းပါဘဲ သာယာနာပျော်ဖွယ်အသံတွေနဲ့ညံစီနေတော့တယ် ။အရမ်းချစ်ပါတယ်ဆိုတဲ့ ဂျောင်ဂုစကားကိုယုံပြီးလက်ထပ်လိုက်တာ မှားပြီထင်ပါတယ် ။ယူပြီးတာ နှစ်လလောက်ဘဲရှိသေးတယ် ဇာတိကပြလာပြီ ။
သူ့ဒယ်ဒီထားခဲ့တဲ့အလုပ်တွေကိုပြန်ဦးစီးနေလို့ အလုပ်များတာကို နားလည်ပေးလို့ရတယ် ။အခုဟာက တရက်လည်းမဟုတ် ၊နှစ်ရက်လည်းမဟုတ် ညည့်နက်မှအိမ်ပြန်လာတာ ။တခါတလေဆို မူးရူးလာပြီး အိမ်ပေါက်ဝမှာ အိပ်ပျော်သွားတဲ့ နေ့တွေလည်းရှိခဲ့တယ် ။
ဂျီမင် အတော်လေးစိတ်ညစ်သွားတယ် ။ သူလည်းအားလပ်နေတဲ့သူမဟုတ်တော့ ဆေးရုံကပြန်လာရင် စားသောက်ဖို့လုပ်ရသေးတယ် ။ မြင်မကောင်းအောင် ဖွလန်နေတဲ့ပစ္စည်းတွေကိုလည်း သိမ်းဆည်းရတယ် ။ပင်ပန်းတာမှလွန်ပါလေရော ။ဒါကြောင့် ဒယ်ဒီကသူနဲ့နေပါလို့ပြောတာကို ။ဂျောင်ဂု မာမီအိမ်မှာ တယောက်ထဲသွားနေရမှာ စိတ်မချဘူးဆိုပြီး တတွတ်တွတ်ပြောနေတာ ။
*ထစမ်း..!ဘယ်အချိန်ရှိနေပြီလဲ ..*
*ဘာဖြစ်နေတာလဲ ဒေါက်တာ .!ကျွန်တော်အိပ်ရေးမဝသေးဘူး....*
*မင်းအလုပ်သွားရမယ်လေ နေဖင်ထိုးနေပြီ...*
*ထိုးထိုးဗျာ..!အိပ်ရေးဝမှသွားမယ်....!*
*အေး.!ကောင်းတယ်.!အဲအတိုင်းဆက်လုပ် ....*
*ပြန်လာတာနဲ့ ပေါက်ပေါက်ဖောက်တော့တာဘဲ..!တရက်တလေ အေးဆေးေနပါရစေလား။ ..!*
*မင်းကဘဲပြောရသေးတယ် ။night dutyတွေဆက်နေတဲ့ ငါ့ကိုလည်းအားနာပါဦး...!မင်းဘာသာ မိုးလင်းပေါက် ဘားမှာသွားကဲနေပြီးတော့ အိပ်ရေးမဝတာ ငါနဲ့မဆိုင်ဘူး ..!*
*ဒါဆိုလည်းတိတ်တိတ်နေပေး...!*
ကုတင်ပေါ်မှာဝမ်းလျားမှောက်ပြီး အိပ်နေသူကို စိတ်ရှိအတိုင်းသာ ထုရိုက်လိုက်ရရင် စကားများရုံဘဲရှိမယ် ။ အမြဲတမ်းအဝတ်ဗလာနဲ့အိပ်တက်ပြီး အောက်ပိုင်းမှာတော့ boxer တထည်သာရှိသည် ။ အရင်တုန်းကတော့ အမြင်မသင့်တော်ဘူးဆိုပြီး စောင်နဲ့ဖုံးဖိပေးတယ် ။သူကရှက်တက်တဲ့သူဆိုတော့ ဒီလိုမျိုးလည်းမနေတက်ဖူးလေ ။အခုများတော့ လေဖြတ်ချင်ဖြတ်ဆိုပြီး ပစ်ထားပေးလိုက်တယ် ။