တေးသံငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့ ကော်ဖီဆိုင်ထဲ လူအနည်းငယ်ရှင်းနေသည် ။ ဒေါင့်ကျတဲ့စားပွဲဝိုင်းတစ်ခုမှာ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ လူနှစ်ယောက်က မည်သည့်စကားမှမပြောဘဲ ကော်ဖီကိုသာ ဆက်တိုက်မွှေနှောက်နေသည် ။တစ်ခါတစ်ရံလည်း အကြည့်ချင်းဆုံမိသွားတော့ ရယ်ပြရုံဘဲတက်နိုင်သည်။
အခွင့်ကြုံခဲ့ရင် အချစ်မြှားနတ်မောင်ကိုမေးစမ်းကြည့်ချင်ပါသည် ။အဘယ့်ကြောင့်များ သူ(မ)၏အချစ်ရေးက ကံခေလွန်းနေတာလဲလို့ ။ရင်ခုန်ဖူးတာဆိုလို့ ဒေါက်တာပတ်ခ်တယောက်သာ ရှိသည် ။အလုပ်ကိုဦီးစားပေးတဲ့သူ ဖြစ်လို့ အချစ်ရေးကိုနောက်ဆုံးမှာထား ပေမယ့် မေမေစီစဉ်ပေးသမျှထဲ ဒေါက်တာပတ်ခ်နဲ့ တွေ့ခွင့်ရတာ သူ(မ)အတွက်ကံကောင်းခြင်းလို့ဆိုရမယ် ။
မကြာပါဘူး သူ(မ) အိမ်မက်လေးလေထဲပါသွားတော့တယ် ။ဒေါက်တာကိုပြန်ရှာတွေ့ပြီး နှုတ်ဆက်စကားမေးမြန်းခဲ့တဲ့ တစ်ရက်ဘဲသူ(မ) ဆိုးလ်မှာ ရှိခဲ့ပြီး အလုပ်ကိစ္စနဲ့ over seaသွားရတာ လအနည်းငယ်ကြာသွားသည် ။ကြားထဲမှာလည်း ဒေါက်တာနဲ့အဆက်သွယ်မလုပ်ဖြစ်ဘူး ။
သူ(မ)ဆိုးလ် ပြန်မလာခင် တစ်ပတ်အလိုမှာ မေမေထံမှ ဖုန်းလက်ခံရရှိခဲ့တယ် ။သတင်းပေးတာဆိုပိုမှန်မလား ။ဒေါက်တာက အမျိုးသားတယောက်နဲ့ အကျဉ်းရုံးလက်ထပ် လိုက်တယ်ဆိုပြီး မေမေကစိတ်မကောင်းဟန်နဲ့ပြောလာတယ် ။
သူ(မ)လည်းအတော်လေး တုန်လှုပ်ခြောက်ခြားသွားတယ် ။လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးဆို သတိလက်လွတ်နဲ့ပစ်ချလိုက်တာ အစ်ိတ်စိတ်အမြွှာမြွှာဖြစ်သွားတဲ့အထိ သူ(မ) မယုံနိုင်ဖြစ်ခဲ့ရတယ် ။အံ့ဩလွန်းလို့ မေမေ့ကို စနောက်နေတာလားဆိုပြီး ရယ်သွမ်းရင်းပြန်မေးခဲ့တယ် ။
မေမေကတော့ အစစ်မှန်ဖြစ်ကြောင်း ဒေါက်တာတို့မင်္ဂလာပွဲမှာရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပို့ပေးလာတယ် ။ဒေါက်တာ့လိုမျိုး ကြည့်ကောင်းတဲ့့အမျိုးသားတယောက်ပါဘဲ ။ရုပ်ရည်ကပြောစရာမရှိပေမယ့် ဒေါက်တာ့အချစ်ကိုရဖို့ ဘယ်လိုများလုပ်ပေးလိုက်သလဲ ဆိုတဲ့မေးခွန်းတွေဘဲ ထပ်နေတယ် ။