*ပြဿနာတက်ပြီ ဂျောင်ဂု....**ဘာလဲ..အလန့်တကြားနဲ့.....*
*မင်းအိမ်ကိုရဲတွေလိုက်နေတယ်...*
*ဘာ ..သူတို့ကဘယ်လိုလုပ်ပြီး..*
ဖုန်းထဲကနေအလောတကြီးပြောလာတဲ့ သူငယ်ချင်းဖြစ်သူ၏စကားကြောင့် ဂျောင်ဂု ရင်ထဲတချက်ထိတ်လန့်သွားသည်။ တရားမဝင်တဲ့အလုပ်ကိုလုပ်နေတာဆိုတော့ နေရတာကျောမလုံသလိုခံစားရတယ်။
မကောင်းတဲ့အရာကိုစွန့်ပစ်ဖို့အကြိမ်ကြိမ်တွေးမိပေမယ့် သူမလုပ်ရက်သေးပေ။အချိန်တစ်ခုထိ ဒီအလုပ်ကိုလုပ်ပြီးရင်တော့ ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းတော့မယ်လို့ စိတ်ကူးရှိသည်
*မင်းမာမီရဲ့ အတွင်းရေးမှူးသေတာနဲ့ပတ်သတ်နေတယ်လို့ေတာ့ သတင်းကြားမိတယ်...*
*သူကတစ်ကောင်ကြွက်ဆို ..ဘာလို့အခုမှအစပေါ်လာရတာလဲ....*
*မဟုတ်ဘူး .!သူကအနေထိုင်သိုသိပ်လို့ သူ့မိသားစုဝင်တွေရှိတယ်ဆိုတာ မသိရတာ....*
ကျစ်....!
*အပြတ်ရှင်းခဲ့တာကို ဇယားလာရှုပ်နေပြန်ပြီ....*
*ဒါနဲ့ သူ့အလောင်းကစိတ်ချရပါ့မလား ..*
*မာမီ့ အိမ်ထဲတော့သူတို့ရှာမှာမဟုတ်ဘူး။တကယ်လို့ သွားခဲ့ရင်လည်း မမြင်အောင်လုပ်ရမှာပေါ့....*
*အေး..!အခုလောလောဆယ် မင်းလည်းခြေရာဖျောက်ထား။အကြောင်းထူးရင် ငါတို့ဆက်သွယ်လိုက်မယ်...*
*အင်း...!မင်းတို့လည်းသတိထားဦး..*
ပြတ်တောက်သွားတဲ့ဖုန်းလိုင်းလေးကို ကြည့်ပြီးသက်ပြင်းချလိုက်သည်။ ဒေါသကြီးပြီးရန်ငြိုးထားတက်တဲ့ သူ့အတွက်မကောင်းမှုကအရိပ်သဖွယ်လိုက်နေတာလား။
စိတ်ရှုပ်လာတာကြောင့် ဆံပင်ရှည်ကိုလက်ဖြင့်ဆွဲဖွလိုက်သည်။ နောက်ဆုတ်လို့လည်းမရတော့တဲ့ သူ့ခြေလှမ်းတွေကို ဒီနေရာမှာဘဲ ရပ်တန့်ပြစ်လိုက်ရမလား။ဒါမှမဟုတ် အရှေ့ဆက်တိုးရမလားဆိုတာ တွေဝေနေပြီ
*စိတ်ညစ်စရာရှိလို့လား.....*
*.......*
*မင်းမျက်နှာကလငပုတ်ဖမ်းသလိုမှောင်မည်းနေလို့လေ.....*