ငွေများတရားနိုင်တဲ့။ဥပဒေရဲ့အထက်မှာငွေဘဲရှိတယ်။ ဘယ်လောက်ဘဲအာဏာကြီးမားပါစေ ငွေသာပုံပေးလိုက် ပါးစပ်ပိတ်ပြီးလှည့်ပြန်သွားလိမ့်မယ်။ ပြစ်မှုဆိုလည်း ထိုနည်း၎င်းဘဲ။လူသတ်မှုကိုတောင် ငွေနဲ့ဖုံးလို့ရတဲ့ ခေတ်မှာ သူကဘာကိစ္စ အဖမ်းခံရမှာလည်း။သူ့မှာပိုင်ဆိုင်မှုတွေအများကြီးရှိတယ်။ ဒီတစ်သက်စားလို့မကုန်ဘူး။ သို့ပေမယ့် သူ့ကိုမသင်္ကာလို့ စစ်ဆေးမှုပြုလုပ်ရမယ်ဆိုလို့ အသာတကြည်ဘဲလိုက်သွားခဲ့တယ်။ ဆေးတွေ မှောင်လိုလုပ်နေတယ်ဆိုပြီး သတင်းရလို့တဲ့ ။
နောက်တခုက မာမီရဲ့အတွင်းရေးမှူး မင်ယောင်းပျောက်သွားတာ သူ့ပရောဂမကင်းဘူးထင်လို့ စခန်းကိုလိုက်ခဲ့ပြီး စစ်ဆေးတာခံဖို့ပြောသည်။
ဂျောင်ဂုလည်း တည်တည်ငြိမ်ငြိမ်ဘဲလက်ခံခဲ့တယ်။ အေးစက်စက်မျက်နှာထားနဲ့ အပြစ်ကင်းတဲ့ပုံစံဖမ်းပြီး ခြေထောက်နှစ်ချောင်းယှက်လိမ်ကာ ထိုင်နေလိုက်သည်။
*သတင်းရလို့တာဝန်အရစစ်ဆေးတာပါ။ အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်....*
* ကျွန်ေတာ် နားလည်ပါတယ်..ဒါပေမယ့်နောက်တခါ တော့ထပ်မဖြစ်စေနဲ့ပေါ့....*
*ဆင်ခြင်ဖို့ အငယ်တန်းတွေကိုမှာထားလိုက်ပါ့မယ်..။ကောင်းသောနေ့လေးဖြစ်ပါစေ Mr.Jeon......*
*ကောင်းပါပြီ..ဒါဆို သွားခွင့်ပြုပါဦး....*
သူ့ကိုဒီလိုဖြစ်အောင်လုပ်တာကတခြားသူတော့မဟုတ်ပေ။ ဂျီမင်၏ဒယ်ဒီပင်ဖြစ်သည်။သူ့သားကိုအတင်းကျပ်ခေါ်ဆောင်သွားလို့လုံးဝမကျေနပ်ဘူးဆိုပြီး ထောင်ချဖို့ပါလုပ်ခဲ့ပုံဘဲ။
ဂျေနဲ့အတူလိုက်လာပြီး သူ့ကိုအမှုန့်ကြိတ်မတက်ကြိမ်းဝါးသေးသည်။ဂျီမင်ကိုတော့ ထိုနေ့ကတည်းကနေ လုံးဝပေးမတွေ့တော့ပေ။ ဂျေ သည်လည်း သူ့အကိုကို အနာတရဖြစ်အောင်လုပ်လို့ဆိုပြီး စိတ်ကြိုက်ထိုးနှက်သွားသည်။
ဂျောင်ဂုမှာခုခံလို့ရပေမယ့် ဘာမှပြန်မလုပ်ဘဲငြိမ်နေလိုက်သည်။ဘာကြောင့်လဲဆိုတော့ သူ ဒေါက်တာကိုသဘောကျတယ်လေ။ မကြာခင်တော်ရမယ့် ယောက်ဖလောင်းလေးမို့ အလျော့ပေးလိုက်ပါတယ်။