Eight

1.4K 153 28
                                        

*ဆေးရုံကိုလည်းမလာဘူးပေါ့...*

*ဟုတ်ပါတယ် Mr Park....။ဒေါက်တာကိုခွင့်ယူထားတယ်ထင်နေတာ....*

*မဟုတ်ဘူး။သား ကအိမ်ကိုလည်းပြန်မရောက်ဘူး....*

*ဟင်...!*

သားဇောကပ်နေတဲ့ ဂျီမင်အဖေက ခပ်အက်အက်အသံလေးနဲ့ ဆေးရုံကောင်တာက nurseတွေကိုမေးမြန်းလိုက်တယ်။အိမ်ပြန်နောက်ကျလို့ ဖုန်းဆက်ကြည့်လိုက်တော့ သူစိမ်းယောကျာ်းတယောက်က သားရဲ့ဖုန်းကိုကိုင်ပြီးဖြေလာတယ်။

သူနဲ့အတူရှိနေတာကြောင့် စိတ်မပူပါနဲ့ဆိုပြီး ပြောလာတော့ သူ့မှာကြောင်အသွားတယ်
သားရဲ့သူငယ်ချင်းလည်းမဖြစ်လောက်ဘူး။ဘာလို့ဆို သားကြီးကအပေါင်းသင်းနည်းပြီး ဆေးရုံကဆရာဝန်တွေနဲ့လောက်ဘဲ အခေါ်ပြောရှိတာ။

အခုထိုကောင်လေးကဘာကြောင့် သားနဲ့အတူရှိနေရတာလဲဆိုတာစဉ်းစားမတက်တော့ဘူး။သားငယ်ကလည်းပြန်မလာသေးတဲ့အပြင် သားကြီးကပါ ပျောက်နေတော့ သူ့မှာအရူးတပိုင်းလိုဖြစ်နေတယ်။ရှိတာမှာ သားနှစ်ယောက်ထဲ။ပြီးတော့ အမြွှာတွေ......

မိနစ်ပိုင်းဘဲကွာတဲ့အမြွှာတွေကို သူတို့လင်မယားနှစ်ယောက်စလုံးတုန်နေအောင်ချစ်ပါတယ်။ဒါပေမယ့် သားငယ်ကပြောရခက်ပြီး အကြောတင်းလို့ သူနဲ့မရတာ။သားကြီးကတော့ အနေအေးပြီး သူ့စကားကိုလည်းတသွေမတိမ်းနားထောင်လို့ အချစ်ပိုတယ်ဆိုရင်ပိုမှန်မလား။ဒါကြောင့်ဘဲ သားငယ်ကသူ့ကိုအမြင်စောင်းတာပေါ့....

*ဆေးရုံကcctvမှတ်တမ်းကိုကြည့်လို့ရမလား..*

*ဟုတ်ကဲ့...*

ခေါင်းတခုလုံးပေါက်ကွဲမတက်ပူထူနေတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။ရှာလို့မတွေ့လို့ကတော့ ရူးသွားလိမ့်မယ်ထင်တယ်။

*ကားပါကင်မှာတွေ့တာနောက်ဆုံးအချိန်ဘဲ....*

*ဟိုကားကိုသိပ်မသင်္ကာဘူး..နံပါတ်ပြားကိုစစ်ဆေးပေးလို့ရမလား.....*

*ဟုတ်ကဲ့.သက်ဆိုင်ရာကိုအကြောင်းကြားပေးပါ့မယ်....*

*အမြန်ဆုံးတော့လုပ်ပေးပါ အန်ကယ်လ်သားကိုအရမ်းစိတ်ပူနေလို့....*

You're Mine (Completed)Where stories live. Discover now