*ဒေါက်တာ....!*
*...........*
*နှစ်ယောက်ထဲသွားချင်လို့ စီစဉ်လိုက်တာကို ဘယ်လိုလုပ်ဟိုအတွဲကပါလာရတာလဲ. .!*
*........*
*ဒေါက်တာ..!ကျွန်တော်ပြောတာကြားလား...*
*မင်းဒေါက်တာက အပေါ်ထပ်မှာ..!*
*အာ .sorry..ဂျေကို..*
*အတင်းပြောမယ်ဆိုလည်း ရှေ့နောက်ကြည့်.. *
*မင်းရောက်နေမှန်းမသိလို့ပါ ကွာ... *
အိမ်ထဲဒရောသောပါးပြေးဝင်လာပြီး အမောတကောနဲ့မေးလာတဲ့ ဂျောင်ဂုက မီးဖိုခန်းထဲမှာ ကျောပေးပြီးရပ်နေတဲ့ ဂျေ့ကို ဒေါက်တာထင်ထဲပြီး အားရပါးရပြောတော့သည်။သူမေးတာပြန်မဖြေတဲ့အခါ စိတ်မရှည်ဖြစ်လာလို့ အရှေ့ကိုသွားပြီး မျက်နှာချင်းဆိုင်လိုက်မှ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ လည်ဂုတ်ကိုပွတ်သတ်လိုက်သည်။
သူ့ကိုဝါးစားမတက်စိုက်ကြည့်နေတဲ့ ဂျေ ကတော့ရေတခွက်ကိုမော့သောက်ကာ စားပွဲကိုဆောင့်ချလိုက်သည်။ ဂျောင်ဂုမှာလူမှားသွားတာကြောင့် ရှိသမျှသွားတွေပေါ်သည်အထိ ရယ်ပြလိုက်ပြီး အပေါ်ထပ်ကိုပြေးတက်ရတော့သည်။
ကံသီေပလို့ပေါ့ ဂျေ လက်သီးစာမမိတာ။အနောက်ကကြည့်ရင် ဘယ်သူမှန်းမသိအောင်ခွဲရခက်တဲ့ ဒေါက်တာတို့ညီကိုကြားသူလည်း ဘယ်နေ့ခေါင်းကွဲမလဲ မသိဘူး*ဒေါက်တာ....*
*ဟင်..!မောင်ပြန်လာပြီလား...*
*ဂျေ တို့ကဘာလိုက်ရှုပ်ဦးမှာလဲ..နှစ်ယောက်ထဲသွားချင်ပါတယ် ဆို....!*
* အငယ်လေးလည်း Dubaiမရောက်ဖူးဘူးလေ မောင်ရယ်..သူတို့လည်းအလည်သွားချင်မှာပေါ့။ငါတို့ထမ်းခေါ်သွားရတာမှမဟုတ်တာ..လေယာဉ်နဲ့ဘဲကို ဘာတွေမကျေမနပ်ဖြစ်နေတာလဲ....*
*မသိဘူး ဗျာ..!မောင်ကဒေါက်တာနဲ့ဘဲ....*
*မောင်ရေ.!ကလေးလည်းမဟုတ်ဘဲနဲ့ ပြောရခက်ရင် ထားခဲ့မှာနော်...!*
*အားကိုးရှိသွားတော့ ဒီစကားပြောပြီပေါ့လေ။ညီကိုနှစ်ယောက်ပေါင်းပြီး မောင့်ကိုအနိုင်ကျင့်တော့မယ်ဆိုတာ သိတယ်....*