အသက်ရွယ်ရေနပြီဖြစ်တဲ့ ဂျီမင် ဒယ်ဒီက စိတ်ထောင်းလို့ကိုယ်ေကြဆိုသလို နေ့စဉ်နဲ့အမျှ သားနှစ်ယောက်ထံကမည်သည့် သတင်းစကားတခုမှမကြားရတဲ့ အခါ အိပ်ယာထဲလှဲတော့တယ်သက်ဆိုင်ရာကလည်း ကြိုးစားပြီးရှာပေးပေမယ့် ဘာတခုမှမသိရပေ။သူ အတော်လေးစိတ်ဓာတ်ကျနေပြီ။ဘယ်ကိုလိုက်လို့ လိုက်ရမှန်းမသိအောင် ခေါင်းတခုလုံးလည်းပူထူနေသည်
အရိုးပေါ်အရည်တင်ကာ ပိန်ကျသွားတဲ့ ဂျီမင် ဒယ်ဒီက ကုတင်ပေါ်မှာ ငြိမ်သက်နေပြီး ဟိုဟိုဒီဒီတွေးတောနေသည်။
*ကျန်းမာရေးလည်းဂရုစိုက်ပါဦး Mr.Parkရယ်....တော်ကြာ သားတွေကိုရှာမတွေ့ခင် ဒီထက်ပိုဆိုးသွားမှဖြင့် .....*
*.........*
*ကျွန်မတို့လည်းတက်နိုင်တဲ့ဘက်က ရှာပေးနေပါတယ်။တအားကြီးစိတ်မပူပါနဲ့ ...*
*ကျေးဇူးတင်ပါတယ်...*
*မလိုတာဘဲ ဗျာ။ပြောစရာလူတွေမှမဟုတ်တာ......*
Lily၏မိဘနှစ်ပါးက Mr.Parkကိုအားပေးစကားလာပြောသည်။သမီးကလည်း နေ့တိုင်းဒေါက်တာ ဘေးကင်းဖို့နဲ့အမြန်ပြန်တွေ့ဖို့ကို ဆုတောင်းခြွေနေသည်။သူ(မ)တို့လည်း အင်တိုက်အားတိုက် ရှာဖွေနေပေမယ့် ဒေါက်တာသတင်းက အစနတောင်မကြားရပေ။
ဘယ်တွေများရောက်နေတာပါလိမ့် ။အသက်အန္တရာယ်များကြုံနေရလား ။တွေးလိုက်တိုင်း ရင်မောရသည်။ဒေါက်တာက သမီးနဲ့လမ်းကြောင်းခင်းထားပေမယ့် သားအရင်သဖွယ်လို စိတ်ရင်းအမှန်နဲ့စိတ်ပူတာပါ
* ဒေါက်တာတို့ကို အန်ကယ်လ် စိတ်ပူနေမယ်ဆိုတာ သိပါတယ်။ဒါပေမယ့် ကျန်းမာရေးတော့ပိုဂရုစိုက်ပါ...*
*နောက်ပြီး ဒေါက်တာကစိတ်ထားကောင်းတဲ့သူမို့ လူကောင်းနဲ့ဘဲတွေ့မှာပါ ....*
*အဲလိုဘဲဖြစ်ပါစေလို့ ဆုတောင်းရတော့မယ်....*
အားမရှိတဲ့လေသံနဲ့ပြန်ေဖြလာတဲ့ ဒေါက်တာ့ ဒယ်ဒီကိုကြည့်ရင်းသူ(မ)သက်ပြင်းဖွဖွချလိုက်သည်။ဘာကြောင့်များ အခုချိန်ထိ အဆက်သွယ်မရသေးလဲဆိုတာ စဉ်းစားလို့မရဘူး။