*မင်းတော့ အမှု့တိုးအောင်လုပ်နေတာဘဲ....*ကျစ်..!
*ငါလည်းဘယ်သိမလဲ...ဆရာဝန်ဖြစ်ပြီးဒီလောက်ကြောက်မယ်မှန်း....*
*ဘာဆိုင်လို့..ဆရာဝန်လည်းလူဘဲ....*
*စကားများတယ် မင်းတို့ထွက်သွားတော့.....*
*စေတနာနဲ့ပြောပြတာကို.....*
အစားမစားတဲ့အခံနဲ့အမှောင်ထဲမှာနေရတာ စိတ်ခြောက်ခြားတာကြောင့် ဒေါက်တာဂျီမင်တစ်ယောက် တံခါးဘေးမှာ ခွေခွေလေးမေ့မျောနေသည်။ဒါတောင် ဂျောင်ဂု တွေ့တာမြန်လို့ပေါ့ ။မဟုတ်ရင် အသက်အန္တာရာယ်ထိခိုက်နိုင်တယ်။
သူလည်းတွေ့တွေ့ချင်း လန့်သွားရပြီး ဒေါက်တာပါးပြင်ကိုအသာယာပုတ်နှိုးကာ နှလုံးခုန်သံကိုလည်း အကြိမ်ကြိမ်စမ်းသပ်မိတယ်။စိုးရိမ်စိတ်က ရင်ထဲဒိန်းခနဲဘဲ။သူ့ကြောင့် တစ်ခုခုဖြစ်သွားမလားဆိုပြီး အသိဆရာဝန်ကိုအမြန်ဖုန်းဆက်ရတယ်။
သူဘဲစိတ်ေလာေနလို့လားမသိဘူး ။ဆရာဝန်ကိုကြာလို့ ဆိုပြီးပိတ်ဟောက်လိုက်သေးတာ။နောက်တော့ ကိုယ်ခံအားနည်းနေတယ်ဆိုပြီး ဆေးသွင်းပေးသွားတယ်။ထိုမှ သူလည်းဂနာငြိမ်သွားတော့တယ်။သူ့သူငယ်ချင်းတွေကတော့ ပြောပါတယ် မျောက်မီးခဲကိုင်ထားသလိုဘဲတဲ့။ဘာအဓိပ္ပာယ်လည်းတော့မသိဘူး
ကုတင်ပေါ်မှာ အေးချမ်းစွာအိပ်ပျော်နေတဲ့ ဒေါက်တာကို ဆုံလည်ထိုင်ခုံပေါ်ကနေ တစိမ့်စိမ့်ကြည့်နေတဲ့ ဂျောင်ဂုကလက်ထဲမှာလည်း သောက်လက်စစီးကရက်အတိုနဲ့။ရှပ်အင်္ကျီလက်တိုအဖြူကို style pantနဲ့တွဲဝတ်ထားတော့ လက်မောင်းပေါ်က တက်တူးတွေကိုအတင်းသားမြင်ရတယ်။
တင်...!တင်..!တင်
ဂျီမင်နှိုးလာမယ့်အချိန်ကိုစောင့်ရင်းပျင်းလာတာနဲ့ လက်ဆွဲအိတ်ထဲကဖုန်းကိုထုတ်ကာ စက်ဖွင့်လိုက်သည်။ဒေါက်တာ့ဖုန်းက အလွယ်တကူဖွင့်လို့ရတော့ ဂျောင်ဂုနှုတ်ခမ်းပါးလေးကော့ညွှတ်သွားသည်။pwတောင်မခံထားဘူး။ဒေါက်တာက ရိုးသားလိုက်တာ
*Lilyကဘယ်သူလဲ....*
*သူ့ရည်းစားလား......*
ဖုန်းပွင့်သွားသည်နှင့် အဆက်မပြတ်ဝင်လာတဲ့ စာတိုတွေကြောင့် သူသိချင်စိတ်ပြင်းပြသွားသည်။ပထမဆုံးပို့လာသူက Lily ဆိုတဲ့မိန်းကလေး ဖြစ်ပြီးနောက်ထပ်က ဒယ်ဒီ တဲ့။ဖုန်းကောလ်တွေကလည်း မနည်းမနောဘဲ ။ကြည့်ရတာ အတော်လေးစိတ်ပူနေကြတယ်ထင်၏။