*ဒီရက်ပိုင်း ဘာတွေလုပ်နေတာလဲ ဂျေ.....*
*အလုပ်လုပ်နေတာ....*
*ဘာအလုပ်မို့လို့ နေ့မအားညမအားရတာလဲ....*
*........*
ရက်ကနေလကိုကူးပြောင်းလာတော့ ဂျေနဲ့Namjoonတို့ဆက်ဆံရေးကပိုပြီး ရင်းနှီးလာတယ်။နေ့တိုင်း ဆူညံသံတွေနဲ့ပြည့်နှက်နေတာကလွဲပြီး အဆင်ပြေတယ်လို့ပြောရမလား။
ဂျေ ကစကားပြောရခက်တဲ့သူဖြစ်လို့ အနေအေးတဲ့ ပန်းဆိုင်ပိုင်ရှင်နဲ့ဘဲအဆင်ပြေမယ်ထင်တယ်။ဒါတောင် တခါတလေ သူအော်ကိုယ်အော်လုပ်ကြသေးတာ။
မနက်စာပြင်ပေးနေတဲ့ Namjoonက အိမ်ပေါက်ဝမှာလွယ်အိတ်တလုံးလွယ်ကာ ဖိနပ်ကြိုးချည်နေတဲ့ ဂျေ ကိုလှမ်းမေးသည်။လက်ထဲမှာလည်း ညှပ်တံတချောင်းကိုကိုင်ကာ ကျက်သွားတဲ့အသားတွေကို ပန်းကန်ထဲထည့်နေသည်။
*မနက်စာစားသွားဦး.....!*
*မစားတော့ဘူး ချိန်းထားတာနောက်ကျနေလို့...!*
*မရဘူး စားပြီးမှသွား....!*
အနည်းငယ်ပြန်ရှည်လာတဲ့ ဆံပင်တွေကိုလက်ဖြင့်ဆွဲခါလိုက်ရင်း ဂျေ ကမျက်မှောင်ကြုံ့ကာ အိမ်ထဲကလူကိုပြန်ကြည့်လိုက်သည်။ဝတ်ထားတဲ့ အဝတ်စားကလည်း ခန္ဓာကိုယ်နဲ့ fitဖြစ်နေတော့ ကိုးရီးယားသားလေး ဂျေက အီတလီမလေးတွေကြားရေပန်းစားလာသည်။
အမြဲတမ်းအထာကျနေတဲ့သူဆိုတော့ မျက်နှာထားတည်တည်နဲ့နေရင်တောင်မှ ခန့်ချောကြီးဆိုပြီး တီးတိုးပြောကြသေးသည်။
*လူကြီးဘဲစားလိုက်တော့....*
*အေး..!ငါ့စကားနားမထောင်ရင် အိမ်ပြန်မလာနဲ့....*
*ဟာဗျာ...!*
အရင်စိတ်နဲ့ ဂျေက ဒီလိုပြောလိုက်လို့ကတော့ ပြန်မလာဘူး ဆိုပြီးတခွန်းထဲပြောပြီးလှည့်ထွက်သွားမှာ။ဒါပေမယ့် အခု ဂျေကတော့ နှုတ်ခမ်းတထော်ထော်နဲ့ အလိုမကျဖြစ်ကာ ဆူပုတ်ပုတ်မျက်နှာထားနဲ့ အိမ်ထဲပြန်ဝင်လာခဲ့တယ်။
ပန်းဆိုင်ပိုင်ရှင်လေးရဲ့ ဩဇာကအံ့မခန်းပါဘဲ။မမြင်ရတဲ့ သံယောဇဉ်ကြိုးလှလှလေးက တဖြည်းဖြည်းနဲ့အမြစ်တွယ်လာတယ်
သူတို့နှစ်ယောက်စလုံးရဲ့ ရင်ဘက်ထဲမှာပေါ့။
