*တကယ်ဘဲ ဂျောင်ဂုနဲ့ကြိုက်နေတာလား ...*
*မဟုတ်ပါဘူး..!*
*ဟုတ်ပါတယ် ..!*
ပြိုင်တူထွက်လာတဲ့ ဂျီမင်နဲ့ဂျောင်ဂုအသံကြောင့် ဂျေကနားမလည်ဟန်ဖြင့် တစ်ယောက်တလှည့်စီကြည့်လိုက်သည်။မနေ့ညက သူ့လက်ချက်ကြောင့် ဂျောင်ဂုမျက်နှာမှာအနည်းငယ်ဖူးယောင်နေသည်။ဒါလည်း ထွက်မသွားသေးဘဲ ပေတေပြီးဆက်နေ,နေလို့ မိုးလင်းတာနဲ့ hyungဆီဖုန်းဆက်ကာ dutyပြီးတာနဲ့အမြန်လာခိုင်းရသည်။
ဧည့်ခန်းထဲတွင် ငြိမ်သက်စွာထိုင်နေကြတဲ့ လူသုံးယောက်မှာ ပြောစရာစကားတွေပျောက်ရှနေပြီးခြေမကိုင်မိ ၊လက်မကိုင်မိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိပေ။
*ဘာဟုတ်တာလဲ..မင်းနဲ့ဘယ်တုန်းကကြိုက်လို့လဲ.....*
*ဒါဆို နမ်းတာကြတော့ရော မကြိုက်ဘဲနဲ့ဘာလို့လက်ခံခဲ့လဲ...*
*အဲဒါကမူးနေလို့ဖြစ်သွားတာလေ ..ပြောရလွန်းလို့ အက်ကြောင်းထပ်ေနပြီ ။ဒါလည်း နားမလည်သေးဘူးလား...*
*ဒေါက်တာကအဆုံးထိညာနေတာဘဲ..*
*မင်းထင်ချင်သလိုထင်..!စိတ်မဝင်စားဘူး..*
မျက်နှာထားတည်တည်နဲ့ဖြေလိုက်တဲ့ ဂျီမင်စကားကြောင့် ဂျောင်ဂုမှာ တွေတွေလေးကြည့်နေရုံမပြင်ဘာမှမတက်နိုင်ပေ။သူအများကြီးမျှော်လင့်ထားခဲ့တာ။အခုတော့ သူ့အိမ်မက်လေးရေစုန်မျောသွားပြီ။ ဒေါက်တာ့ကိုလည်းနားမလည်နိုင်တော့ဘူး။ သူ့ကိုခံစားချက်ရှိနေတဲ့ ပုံစံနဲ့ ပြောဆိုဆက်ဆံနေပြီး မေးလိုက်တိုင်းအလိမ်ညာစကားဘဲအမြဲပြောတယ်။
ပါးစပ်ကညာလို့ရပေမယ့် ဒေါက်တာ့မျက်ဝန်းတွေကညာလို့မရဘူး။ ဂျောင်ဂုက သက်ပြင်းမောတချက်ချကာ ဒေါက်တာနဲ့မျက်နှာချင်းဆိုင်လိုက်သည်။ ဒီတခါနောက်ဆုံးထပ်မေးမယ်။တကယ် နောက်ဆုံးပါဘဲ။ အကယ်၍ ဒေါက်တာ့ဘက်ကဆက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင် သူ အဝေးဆုံးကိုထွက်သွားတော့မယ်။
ဒေါက်တာ့ရဲ့ဘဝထဲကနေအပြီးတိုင်ပျောက်ကွယ်သွားပေးမယ်။
*တကယ်ဘဲ ကျွန်တော့်ကိုနည်းနည်းလေးတောင်စိတ်မဝင်စားခဲ့ဘူးပေါ့ ....*