စိမ်းသက်တဲ့နေရာဒေသတခုကိုအခြေချလိုက်ရတော့ ဒေါက်တာ့မှာသနားစရာမျက်နှာပေးလေးဖြင့် ပတ်ဝန်းကျင်တခွင်ကိုလျှောက်ကြည့်နေသည်။ေနရမယ့် တစ်ထပ်တိုက်အိမ်လေးထဲကို ဝင်လိုက်သည်နှင့် အေးစိမ့်စိမ့်ဖြစ်နေသည်ကိုခံစားမိသည်။ရာသီဥတုကသူ့အကြိုက်ဖြစ်ပြီး အိမ်နဲ့ဆေးရုံကလည်းသိပ်မဝေးတာကြောင့် လမ်းလျှောက်ပြီးသွားလို့ရသည်။
IIsan ကိုရောက်လာရခြင်းအကြောင်းရင်းကတော့ ဆေးရုံအုပ်ကြီးကြောင့်ပင်ဖြစ်သည်။
သူနေကောင်းတော့အလုပ်ပြန်ဝင်ဖို့အုပ်ကြီးဆီသွားပြီးမေးခဲ့တယ်။တာဝန်လစ်ဟင်းသွားတာ လနဲ့ချီကြာသွားတော့ ရာထူးကဖြုတ်မယ်ထင်နေတာ။ခွင့်စာတင်ခြင်းလည်းမရှိခဲ့ဘူးလေ။ဒါပေမယ့် သူပျောက်သွားပြီးတစ်ရက်အကြာမှာတော့ ဒယ်ဒီကအုပ်ကြီးနဲ့သွားတွေ့ခဲ့တယ်တဲ့။နောက်ပြီး အကျိုးကြောင်းပြောပြလိုက်တော့ IIsanဘက်ကိုလွှဲပြောင်းစာရေးပေးလိုက်တယ်။တခြားသူတွေမေးရင်လည်း နယ်ပြောင်းသွားပြီလို့ဖြေခိုင်းတယ်။ကြိုတင်စီစဉ်ပြီးသားဖြစ်လို့ သူ့မှာအသက်ရှုချောင်သွားတယ်။
အစကတော့စာတမ်းပြုစုပြီး ပါရဂူဖြစ်အောင်လုပ်မယ်လို့တွေးထားတာ။UKကိုပညာတော်သင်သွားဖို့လည်းပြောထားတယ်။ခွဲစ်ိတ်ဆရာဝန်ဘဝနဲ့ မတင်းတိမ်နိုင်တော့ အထက်ကိုဆက်တက်ဖို့အားတက်သရောဖြစ်နေချိန် ကံကြမ္မာကကျယ်စယ်လိုက်တော့ သူ့မျှော်လင့်ချက်လေးရေစုန်မျောသွားသည်။
ဒီမြို့မှာဘဲဘယ်နနှစ်ကြာအောင်တာဝန်ထမ်းဆောင်ရမလဲမသိဘူး။အေတွးနဲ့အတူ ဂျီမင် ကမျက်နှာလေးညှိုးနွမ်းကာ သက်ပြင်းတချချလုပ်နေသည်
*ပစ္စည်းတွေ ကျွန်တော်သယ်ခဲ့ပေးမယ်။hyung သွားနားတော့လေ။မနက်ဖြန်ဆို dutyဝင်ရတော့မှာ......*
*အဲတာဆို hyungအခန်းထဲဝင်နှင့်ပြီနော်...*
မကျဉ်းမကျယ်တိုက်အိမ်လေးကမိသားစု၄ယောက်လို့နေလို့ရသည် ။အိပ်ခန်းက၃ခန်းပါပြီး၊မီးဖိုနဲ့ရေချိုးခန်းအိမ်သာကိုတော့တွဲလျက်ဆောက်ထားသည်။ဧည့်ခန်းသေးသေးလေးထဲ နံရံကပ်Tvလည်းရှိသည် ။သေသပ်ပြီးတော့ လေဝင်လေထွက်ကောင်းအောင်မှန်ပြတင်းပေါက်တွေလည်းရှိတော့ အတော်လေးနေလို့အဆင်ပြေသည်။