Two

2K 162 40
                                    

*ဒေါက်တာရှင့်..အရေးပေါ်လူနာရောက်လာပါတယ်...*

*ဘာဖြစ်တာလဲ.....*

*Construction လုပ်နေတဲ့တိုက် ပေါ်ကပြုတ်ကျတာပါ ....*

*လိုအပ်တာတွေအသင့်ပြင်ထားပြီး ခွဲခန်းထဲကစောင့်နေ..*

*ဟုတ်ကဲ့.....!*

Dutyတွေနေ့ညမပျက်လုံးလည်လိုက်နေတဲ့ ဝန်ထမ်းတွေကဘဝကထင်သလောက်မလွယ်ခဲ့ဘူး။အထူးသဖြင့်သူတို့လိုဆရာဝန်တွေပေါ့။အနားယူချိန်လို့ အတည်တကျသတ်မှတ်ထားခြင်းမရှိဘဲ တစ်စက္ကန့်လောက်အားရင် တွေ့ကရာနေရာမှာ ခြေပစ်လက်ပစ်ထိုင်ချပြီး အမော‌ဖြေတာကလည်း အနားယူနည်းတမျိုးဘဲ။

အစားလည်းပုံမှန်မစားရဘူး။တနေ့လုံးမှ တနပ်လောက်ဘဲစားရတဲ့ရက်ကပိုများတယ်။ကြာရင်သူတို့ကဘဲ အစာအိမ်ရောဂါဖြစ်လာမှာစိုးရတယ်။

nurseမိန်းကလေးက သူ့ကိုပြောပြီးသည်နှင့် Emergency roomထဲကို ခပ်သွက်သွက်လေးဝင်သွားလိုက်သည်။night dutyချိန်းပြီးလို့အိမ်ပြန်မလို့လုပ်နေတဲ့ သူ့ခြေလှမ်းတွေကလေးပင်စွာနဲ့ဘဲ အခန်းထောင့်မှာချိတ်ထားတဲ့ duty coatကိုယူပြီးကောက်ဝတ်လိုက်သည်။

မျက်ဝန်းအစ်အစ်လေးတွေကလည်းပိတ်ကျမတက်ဖြစ်နေပြီ။ကျိန်းစပ်နေလို့ မျက်ရည်ကြည်တောင်ဝဲတက်နေသည်။သို့ပေမယ့် တာဝန်ကလျစ်လျူရှုလို့မရတော့ ပြည်သူတွေရဲ့အသက်ကိုကယ်ပေးရအုန်းမည်

ဒူးနားမရောက်တရောက်ဖြစ်နေတဲ့ Duty coatအဖြူရောင်လေးက လမ်းလျှောက်လိုက်တိုင်းလွင့်တက်သွားတော့ လူနာတွေနဲ့ ဖြတ်သွားတဲ့သူနာပြုတွေအကုန် ငေးကြည့်ရတယ်။ဖြူဥနေတဲ့အသားရည်ရယ် တည်တံ့တဲ့မျက်နှာထားနဲ့ တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းတလွှာက မြင်သူတိုင်းဒူးထောက်ခစားချင်စရာအတိ။

"Paradise"လို့အမည်ရတဲ့အဆင့်မြင်ဆေးရုံကြီးထဲထိုဆရာဝန်လေးကနာမည်ကြီးသည်။ဥစ္စာပေါ ရုပ်ချောလေးမလား။

*ဉီး‌ေခါင်းကိုသွားတာဘဲ...အသက်အန္တာရာယ်စိုးရိမ်ရတယ်.....*

*ခြေထောက်လည်းကျိုးသွားတယ် ဒေါက်တာ....*

*အရင်ဆုံးသွေးတိတ်အောင်လုပ်ရအောင်.....*

ခွဲစိတ်ခန်းထဲခြေချင်းလိမ်နေကြတဲ့ဆရာဝန်နဲ့သူနာပြုတွေခမျာ အသက်တောင်မနည်းရှုရတယ်
အရင်ဆုံးစိတ်ကိုအေးအေးထားပြီး လိုအပ်တာတွေလုပ်ဖို့အသေးစိတ်ညွှန်ကြားသည်။ဒီလိုအဖြစ်ပျက်တွေက ခဏခဏကြုံနေရပေမယ့် တခုခုလွဲချော်သွားရင် အသက်ဆုံးရှုံးနိုင်လို့ သတိကပ်‌ထားရသည်။

You're Mine (Completed)Where stories live. Discover now