အနက်ရောင်မှန်တွေနဲ့ကာထားတဲ့အခန်းလေးထဲ ဆေးလိပ်မီးခိုးတွေအူသည်အထိ ဖွာရှိုက်နေတဲ့သူရဲ့မျက်နှာထက်မှာ အလိုမကျမှုတွေရှိနေသည်။အပေါ်ပိုင်းဗလာဖြင့် အခန်းပြတင်းပေါက်နားမှာ ခါးထောက်ရပ်နေပြီး ကုတင်ပေါ်မှာအဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကိုလည်းလျစ်လျူရှုထားသည်။ကြီးမားကျယ်ပြန့်တဲ့ကျောပြင်နဲ့ လက်ဖျံရိုးတလျှောက်ထိုးထားတဲ့ တက်တူးတွေကလည်းအလွန်ကြည့်ကောင်းနေသည်။လက်မောင်းကြွက်သားတွေက တုတ်ခိုင်နေပြီး အဆီပိုမရှိတဲ့ဗိုက်သားချပ်ချပ်လေးက မြင်သူတိုင်းရူးသွားလောက်တယ်။
ဒီလောက်ထိပြီးပြည့်စုံတဲ့ ယောကျာ်းကိုဘယ်သူကမလိုချင်ဘဲရှိမလဲ။ဒါေပမယ့် တစ်ယောက်သောသူကတော့ တွေ့လိုက်တိုင်းတစောင်းနဲ့မျက်ချေးဖြစ်နေတယ်။
ထိုအကြောင်းကို တွေးလိုက်တိုင်း သူ့နှုတ်ခမ်းပါးလေးကော့တက်သွားရတယ်။မီးငြိမ်းသွားတဲ့ဆေးလိပ်တိုကို လက်ဖြင့်ဖိချေလ်ိုက်ပြီး ရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်သည်။ boxerတထည်ဘဲဝတ်ထားတဲ့ သူ့ခန္ဓာကိုယ်က အနောက်ကကြည့်ရင်တောင်အချိုးကျနေသည်။
*ဟယ်လို .....*
*အင်း...အကြောင်းထူးလို့လား.....*
*သူ့ကို ဂိုဒေါင်ပျက်ထဲမှာ ဖမ်းမိထားတယ်..*
*ငါလာခဲ့မယ်.....*
Lavender ရနံ့သင်းသင်းလေးနဲ့အတူ ရေစက်တွေတွဲခိုနေတဲ့ သူ့ဆံပင်ကိုသပ်တင်လိုက်ပြီး ကုတင်ပေါ်က ဖုန်းကိုယူကာ နံပါတ်တခုကိုနှိပ်ပြီး ခေါ်လိုက်သည်။တဖက်ကဖြေသံအဆုံး သူလည်းcloset ထဲကအနက်ရောင်ဝမ်းဆက်တစ်စုံကို ယူပြီးဝတ်လိုက်သည်။
ဆံပင်ရှည်ကိုစုစည်းလိုက်ပြီး အပြင်ခံကုတ်အင်္ကျီလက်ကိုခေါက်တင်လိုက်တော့ လက်ဖမိုးပေါ်ကသွေးကြောစိမ်းတွေကထင်းထွက်နေသည်။
*ရောက်လာပြီလား....*
*အထဲမှာလား....*
*အင်း...*
အနက်ရောင်bootsဖိနပ်ကိုခြေသံမြည်တဲ့အထိခပ်ကြမ်းကြမ်းလေးလျှောက်လိုက်ပြီး လူသူကင်းမဲ့တဲ့ ဂိုဒေါင်ပျက်ထဲကို ဝင်လာလိုက်တော့ အသင့်စောင့်နေတဲ့ သူ့သူငယ်ချင်းတွေကချက်ချင်းဘဲထွက်လာကြိုသည်။သူ့မျက်နှာရိပ်ကိုအကဲခတ်တက်တော့ ဘာဖြစ်နေလဲဆိုတာတန်းသိသည်။