Seven

1.5K 147 33
                                        


မှောင်မည်းနေတဲ့အခန်းတစ်ခုထဲ သင်းပျံ့တဲ့ရနံ့အတူ အေးစိမ့်စိမ့်အထိတွေ့ကိုပါ တခါထဲခံစားလိုက်ရသည်။ဘယ်နေရာ‌ေရာက်‌ေနမှန်း မသိလို့ မျက်လုံးမှိတ်ပြီး ငြိမ်နေလိုက်သည်။သူ့ကိုယ်ပေါ်မှာတော့ နွေးထွေးတဲ့ဂွမ်းစောင်တစ်ထည်ခြုံပေးထားသည်။တကယ်ဆို သူကဆေးရုံကိုရောက်ရင်ရောက် မဟုတ်ရင် တဖက်က ဂိုဏ်းသား‌ေတွရဲ့လက်ချက်နဲ့ အသက်ပျောက်နေရမှာ။

အခုတော့ သူ့ခန္ဓာကိုယ်က‌အနည်းငယ်နာကျင်တာကလွဲရင် အသက်ရှုနေတယ်ဆိုတော့ မသေသေးဘူးလို့ဆိုရမယ်။ဒါမှမဟုတ် ဝိဉာည်ဖြစ်နေတာလား။

ကုတင်ပေါ်မှာ မျက်မှောင်ကျုတ်ပြီး စဉ်းစားနေတဲ့သူကို ဆုံလည်ကုလားထိုင်ပေါ်မှာ လက်ပိုက်လျက်ထိုင်ကာ ကြည့်နေတဲ့သူလည်းရှိသည်။ထိုသူကတော့ ပန်းဆိုင်ပိုင်ရှင်ဖြစ်ပြီး အေးချမ်းစွာနေထိုင်တက်တဲ့သူဖြစ်သည်။

*သတိရလာပြီလား.....*

*................*

*သက်သာရင်လည်း ထတော..!ကိုယ်ဆိုင်သွားရအုန်းမယ်.....*

ငြင်သာတယ်လည်းမဟုတ်သလို ကြမ်းတမ်းသည်လည်းမဟုတ်တဲ့ ပုံမှန်လေသံနဲ့ပြောလာတဲ့ လူစိမ်းတယောက်ရဲ့အသံကြောင့် ကုတင်ပေါ်မှာ အိပ်ချင်ယောင်ဆောင်နေတဲ့ ဂျေ ကိုယ်လုံးလေးကျုံ့သွားသည်။

စောင်စကိုလက်ဖောင်းဖောင်းလေးဖြင့်တင်းနေအောင်ဆွဲလိုက်ပြီး မျက်ခွံအစ်အစ်လေးကို အတင်းကာရောဖွင့်လိုက်သည်။ပထမဆုံးမြင်လိုက်ရတာက ဖြူစွတ်နေတဲ့ မျက်နှာကျက်နဲ့ အရောင်ဖျော့ဖျော့သာရှိတဲ့ မီးသီးတစ်လုံး. ။

*ကျုပ် ဘယ်ကိုရောက်နေတာလဲ....*

*ကိုယ့်အိမ်ကို......*

*ဘယ်လိုလုပ်ပြီး.....*

*မင်းဘာတွေဖြစ်ခဲ့လဲဆိုတာ ကိုယ်အတိကျတော့မသိဘူး။ကိုယ်အိမ်ပြန်တဲ့လမ်းမှာ မင်းကိုလဲကျနေတာတွေ့လို့ ခေါ်လာခဲ့တာ.. ပြီးတော့ ဒဏ်ရာလည်းရှိနေတယ်။အဲဒါကြောင့် ဆေးကုထားပေးတယ်.......*

*ကျေးဇူးတင်ပါတယ်.....*

*ရပါတယ်..မင်းကိုကြည့်ရတာ ဒီနိုင်ငံကမဟုတ်ဘူးထင်တယ်...*

You're Mine (Completed)Where stories live. Discover now