အလွမ်းရက်ရှည်တွေကို အလုပ်ထဲစိတ်နစ်ရင်းကုန်ဆုံးစေလိုက်တယ်။နာရီလက်တံတွေ တရွေ့ရွေ့သွားနေတာကိုကြည့်ပြီး ဒီအချိန် သူရောဘာလုပ်နေမလဲဆိုတဲ့ အတွေးကခေါင်းထဲရောက်စမြဲ။ဆက်သွယ်စရာ နံပါတ်မရှိတဲ့အခါ အမှတ်ရစရာတွေကို ပြန်လည်မြင်ယောင်ရင်း ချစ်ရသူကိုလွမ်းဆွတ်နေရတယ်။
ဒယ်ဒီ့ရဲ့အလုပ်တွေကိုဦးစီးနေရတာဖြစ်လို့ အရင်လိုတော့ မအားလပ်တော့ပေ ။ ညလုံးပေါက်ဘားသွားပြီးပျော်ပါးတက်တဲ့ ဂျေ မဟုတ်တော့ဘူး။ဆံပင်ရှည်တွေကို သေသပ်စွာညှပ်ပြစ်လိုက်ပြီ။ကိုယ်ကျပ်အဝတ်စားနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ခန္ဓာကိုယ်ပေါ်က accessories တွေကိုချွတ်ပစ်ကာ ခန့်ညားတဲ့လူငယ်လေးအသွင်ကူးပြောင်းသွားသည်။
အများကြီးတည်ငြိမ်ရင့်ကျက်လာတဲ့ ပတ်ခ်ဂျေမင်က အချစ်ရေးမှာတော့ကံမကောင်းသေးပေ။ဘယ်အချိန်မှ သူတို့ထပ်ဆုံရပါ့မလဲ။တစ်နှစ်လား ၊နှစ်နှစ်လား ဒါမှမဟုတ် တသက်လုံးလား
ဒေါက်..!ဒေါက်..!
*ခဏနေအစည်းဝေးစပါတော့မယ်....*
*အင်း..!*
အတွေးကမ္ဘာထဲရောက်နေတဲ့ ဂျေက တံခါးခေါက်သံနဲ့အတူ အပြင်ကသတိပေးလာတဲ့ အတွင်းရေးမှုး၏စကားသံကြောင့် အရှိန်ပျက်သွားရတယ်။ဆုံလည်ထိုင်ခုံေပါ်မှာ လျော့ရဲစွာထိုင်နေပြီး မျက်နှာလေးညိုးနွမ်းနေတဲ့ ဂျေက အလုပ်ကိစ္စရှိသေးတာကြောင့် ချက်ချင်းဘဲ မျက်နှာထားကို တည်ပစ်လိုက်သည်။
အပြုံးရယ်ကင်းပြီး အလုပ်လုပ်တဲ့နေရာမှာ တိကျလွန်းတဲ့ ဂျေကို အားလုံးကလေးစားကြသည်။
ပြောစရာရှိရင်လည်း ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပြောတက်သည်*အသက်ငယ်ငယ်နဲ့ ထက်မြတ်လွန်းတဲ့ ဂျေကိုအန်ကယ်လ်တို့ အရမ်းချီးကျူးတယ်....*
*ဟုတ်တယ်..!လုပ်သက်လည်းသိပ်မရှိ၊အတွေ့ကြုံကလည်းမရှိဘဲနဲ့ အချိန်တိုအတွင်းအခုလိုအောင်မြင်လာတာ ဝမ်းသာစရာဘဲ..*
*မြှောင့်ပင့်လွန်းနေပါပြီ အန်ကယ်လ်တို့ပြောသလို ကျွန်တော်ကအဲလောက်ထိလည်းမဟုတ်ပါဘူး....*