*ဒေါက်တာပတ်ခ်ဂျီမင် နဲ့တွေ့လို့ရမလား.....*
*ကြိုချိန်းထားလားရှင့်...*
*ဟင့်အင်း..!*
*ဒါဆို မနက်ဖြန်မှပြန်လာခဲ့ နော်။ဒေါက်တာကအလုပ်များနေတော့တရက်ကြိုချိန်းရတယ်....*
*ဂျောင်ဂုလို့ပြောလိုက်ရင် ဒေါက်တာသိပါတယ်.....*
*ဟုတ်ကဲ့...!ဒေါက်တာ့ရဲ့မိတ်ဆွေဆိုလည်းမရပါဘူး ရှင့်...*
သူနာပြုရဲ့စကားကြောင့် ဂျောင်ဂုမှာအရှိန်ပြတ်သွားရသည်။သူ့ပုံစံကိုကြည့်ပြီးလန့်သွားမယ်ထင်နေတာ။ဒီလောက်အထာကျတဲ့ ယောကျာ်းကိုသူတို့ကလျစ်လျုရှုရဲတယ်ပေါ့
ရှပ်အင်္ကျီချိုင်းပြတ်အဖြူကို ဂျင်းပြာနဲ့တွဲဝတ်ထားပြီး လည်သာဂျာကင်ခါးတိုကိုတော့အပြင်ကခံဝတ်သည်။ဆံပင်ရှည်ကို ponytail စည်းနှောင်ထားပြီး လည်ကောက်ဝတ်မှာစတီးဟန်းချိန်းကိုပတ်ထားသည်။လက်ချောင်းသွယ်သွယ်မှာဝတ်ထားတဲ့ စတီးလက်စွပ်ကိုလှည့်ကစားနေရင်း ဂျောင်ဂုက ပါးသောင်ကိုလျှာဖြင့်ထိုးလိုက်သည်
*ကျွန်တော်ကဒေါက်တာ့ရဲ့လူနာပါ....*
*ခဏလေးနော် ဖုန်းဆက်ပြီးမေးပေးမယ်......*
*မယုံသင်္ကာနဲ့ ဗျာ .!*
ဂျောင်ဂုကနှာခေါင်းလေးရှုပ်ကာ တီးတိုးပြောလိုက်သည်။သူ့ကိုအတွေ့မခံတဲ့ ဒေါက်တာကလိုက်လေပြေးလေလုပ်ေနေတာ့ နောက်ဆုံးဆေးရုံကိုဘဲလာရတော့တယ်။အလုပ်ရှုပ်နေမှန်းသိလို့ အတင်းကျပ်လည်းမနှောင့်ယှက်ရဲဘူး။တိတ်တိတ်လေးအဝေးကနေ ခိုးကြည့်နေရတယ်။ဆေးရုံနားမှာကားထိုးပြီး ဒေါက်တာ့ရဲ့ပုံရိပ်လေးကို ငေးမောနေရတဲ့သူ့အဖြစ်ကရယ်စရာတော့မကောင်းပေ
အချစ်နွံထဲနစ်နေတဲ့ဂျောင်ဂုကအစား၊အအိပ်လည်းမမှန်တော့ပါဘူး။တနေ့တနေ့ ဘီယာ၊ေဆးလိပ်နဲ့ဘဲ နှစ်ပါးသွားနေတာ အနည်းငယ်ညိုနေတဲ့မျက်ဝန်းနဲ့ ခြောက်အပ်နေတဲ့နှုတ်ခမ်းပါးလေးကိုကြည့်ခြင်းဖြင့်သိနိုင်သည်။
*ဟိုလေ..ဒေါက်တာကမသိဘူးတဲ့..*
*ဒါသက်သက်ကျွန်တော့်ကိုစိန်ခေါ်နေတာ...သူဘယ်အထပ်မှာရှိလဲပြော....*