"ယနေ့မနက်မှာတော့ လွန်ခဲ့ရက်၅ရက်ခန့်က Italy နိုင်ငံ Elba ကမ်းခြေမှာရှိတဲ့ သင်္ဘောတစ်ခုပေါ်တွင် ဖောက်ထွင်းမှုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်......
အသက်၂၀ကျော်လူငယ်တွေလို့ထင်ရတဲ့ အုပ်စုတစ်စုက တရားမဝင်ပစ္စည်းတွေကိုအလဲလှယ်လုပ်နေကြတာကို ဒေသခံတစ်ယောက်ကတွေ့ရှိပြီးအာဏာပိုင်တွေကို တိုင်ကြားခဲ့တယ်။ချက်ချင်းဘဲ ဖမ်းဆီဖို့လုပ်ခဲ့ရာမှ ထိုလူငယ်တွေက သတင်းရသွားပြီး ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားကြတယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ တချို့ကိုလမ်းတဝက်မှာ ဖမ်းဆီးရမိခဲ့ပြီး လွတ်သွားတဲ့သူတွေကတော့ ရေထဲခုန်ချသွားတယ်လို့ ထပ်မံသိရှိရတယ်။အခုထိတော့ ရေထဲကလူတွေကိုရှာမတွေ့သေးပါဘူး။အချိန်ကြာကြီးဖြစ်နေဆိုတော့ အသက်ရှင်ပါ့မလားတောင်မသိဘူး......"မနက်ခင်းမှာကြားလိုက်ရတဲ့ သတင်းကြောင့် ခေါင်းသုတ်နေတဲ့သူ့လက်တွေရပ်တန့်သွားသည်။ရေချိုးပြီးခါစဖြစ်လို့ သူ့မျက်နှာလေးကကြည်လင်ရှင်းသန့်နေပြီး အိမ်နေရင်းအမြဲဝတ်တဲ့ ဖဲသားဝမ်းဆက်အပြာနုလေးနဲ့ အလွန်ချစ်စရာကောင်းနေသည်။
ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ခြေတဖက်ကိုတင်ပါးဖြင့်ဖိထိုင်လိုက်ပြီး ကျန်တဖက်ကိုတော့တွဲလျောင်းချထားသည်။လည်ဂုတ်ပေါ်ကို တဘက်တင်ထားပြီး ရေမခြောက်သေးတဲ့ ဆံနွယ်နက်နက်လေးကို လက်ဖြင့်ဆွဲဖွလိုက်သည်။စတီခုံပေါ်မှာ တင်ထားတဲ့စာကြည့်မျက်မှန်ကို တပ်လိုက်ပြီး TVမှာလာေနတဲ့ သတင်းကိုကြည့်လိုက်သည်။
သင်္ဘောပေါ်မှာပြေးလွှားနေတဲ့ vdနဲ့အတူ ရေထဲခုန်ဆင်းသွင်းတဲ့ လူတစ်ယောက်ကို လျှက်တပြတ်မြင်လိုက်သည်။တကိုယ်လုံးအနက်ရောင်ဝမ်းဆက်ဝတ်ထားပြီး နှာခေါင်းစည်းလည်းတပ်ထားသေးသည်။မျက်နှာမမြင်ရပေမယ့် ကင်မရာထဲမှာ မထင်မရှားတွေ့လိုက်ရတဲ့ မျက်ဝန်းကိုတော့ သူသေချာမှတ်မိသည်။
ရင်ထဲလှပ်ခနဲဖြစ်သွားပြီး ဖုန်းထုတ်ကာ အငယ်လေးဆီဆက်လိုက်သည်။ဘယ်လိုဘဲကြည့်ကြည့် ဒီပုံက အငယ်လေးနဲ့ဆင်တယ်။ဒါပေမယ့် မဖြစ်နိုင်လောက်ပါဘူး။အငယ်လေးက ဒီလိုအလုပ်ကိုလုပ်မှာမဟုတ်ဘူး။