ဒွီ....!ဒွီ....ဒွီ.....!အိပ်ယာဘေး စားပွဲခုံပုလေးအပေါ်မှာ တင်ထားတဲ့ဖုန်းကအဆက်မပြတ်မြည်နေပေမယ့် ကိုင်မယ့်သူမရှိပေ။အဝင်ကောလ်တွေ အဆက်မပြတ်ရှိနေပြီး စက္ကန့်မခြားစာတိုလေးတွေလည်းပို့တက်သည်။ဘယ်သူကများ ဒီလောက်ထိခေါ်နေပါလိမ့်....
အိပ်ချိန်လေးဘဲ ဇိမ်ခံရတော့ ဘာအကြောင်းဘဲရှိရှိဖုန်းကိုင်ေလ့မရှိဘူး။နားနှစ်ဖက်ကို ခေါင်းအုံးဖြင့်ဖိကာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေတဲ့ ဂျေက နောက်ဆုံးမတက်သာတော့မှ မျက်ခွံအစ်အစ်လေးကို အားယူပြီးဖွင့်လိုက်သည်။ဘယ်အချိန်ရှိနေပြီလဲ သူမသိဘူး။သူသိတာက အိပ်ရေးဝအောင်အိပ်မယ်။ပြီးရင် တနေကုန်လျှောက်လည်မယ်ဆိုတာဘဲ။
နေ့ ညရယ်လို့လည်းမခွဲထားဘူး။သူ အိပ်ချင်ရင်ဘယ်ချိန်ဖြစ်ဖြစ် ညလို့သတ်မှတ်ထားတယ်။အလုပ်မရှိဘဲ နေ့တိုင်းအပြင်ထွက်နေရတာ မပျင်းဘူးလားလို့မေးရင် ဂျေကခေါင်းပြုတ်ထွက်မတက်ခါရမ်းပြပါလိမ့်မယ်
သူ့မှာပျင်းခ်ျန်တောင်မရှိဘူး။အိပ်ရေးမဝခြင်းကိုပြတဲ့အနေနဲ့ မျက်ကွင်းနက်နက် တွေကိုကြည့်ရင်သိနိုင်ပါသည်။စုတ်ဖွာနေတဲ့ ဆံပင်ရှည်ကိုအပြောင်သိမ်းလိုက်ပြီး တခါထဲစုစည်းလိုက်သည်။မကျဉ်းမကျယ်တဲ့ နဖူးပြင်လေးကရှင်းလင်းသွားတော့ ဂျေ ရဲ့မျက်နှာအစိတ်ပိုင်းတခုချင်းစီတိုင်းကို သေချာမြင်ရသည်။
နှာတံတိုတိုနဲ့မျက်တောင်စိတ်သေးသေးလေးက အသည်းယားစရာကောင်းသည်။ကြည်လင်နေတဲ့ အသားရည်းကလည်း ဂျေ အတွက်ဆုတောင်းကောင်းခြင်းတမျိုးဘဲ။အိပ်ယာထက်မှာ မိနစ်ပိုင်းမှ မလှုပ်မယှက်ဘဲထိုင်နေတဲ့ ဂျေ ကဘေးပတ်ဝန်းကျင်ကိုလည်း အာရုံမထားဘဲ တနေရာကိုဘဲစိုက်ကြည့်နေသည်။ထိုအရာကတော့ သူ၏ဖုန်းပင်ဖြစ်သည်။
သူ့ကိုအိပ်ရေးပျက်အောင်လုပ်တဲ့ ဖုန်းကိုအိမ်သာခွက်ထဲပစ်ချလိုက်သင့်လား။နားငြီးလိုက်တာမှ
*ဟယ်လို.....*
*ဂျေ.....*
မရှည်တဲ့စိတ်ကိုဆွဲဆန့်လိုက်ပြီး မကိုင်မချင်းခေါ်နေတဲ့ဖုန်းကို ကောက်ကိုင်လိုက်သည်။တဖက်ကဖြေသံကြားလိုက်သည်ဆိုရင်ဘဲ ဂျေ့ မျက်နှာကပိုပြီးမှုန်ကုတ်သွားသည်။နားမှာကပ်ထားတဲ့ဖုန်းကိုပြန်ခွာလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်ကနံပါတ်ကိုကြည့်လိုက်တော့ သူ့ရဲ့အနှောင့်ယှက်လေးဖြစ်နေသည်။