MINE - 1

14.7K 443 11
                                    

SMK Bar

Bar အတွင်းတွင် လာရောက်ပျော်ပါးကြသူများကို ယိမ်းနွဲ့ကာဖျော်ဖြေနေရသည့် ယောကျာ်ပျိုတစ်ဦး။ ထိုယောကျာ်းပျိုဖျော်ဖြေသည့်နေ့များတွင် လူပိုစည်ကားနေတတ်သေးသည်။

ဟုတ်တယ် ထိုလူက SMK Bar ရဲ့အကသမား ပတ်ဂျီမင်းသာဖြစ်၏။ ကပြဖျော်ဖြေရုံကလွဲ ကျန်သည့်အရာများကိုတော့ လက်ခံမှာမဟုတ်ပါ။ ထိုအလုပ်ကိုလုပ်နေရတယ် ဆိုတာကလဲ မလွန်ဆန်နိုင်တဲ့ ဖိအားတွေကြောင့်သာ။

ဝိုး!

ဖြောင်း ဖြောင်း ဖြောင်း

နောက်ဆုံး တီးလုံးအပြီး အဆုံးသတ်လိုက်ပုံက အကမှာပါရမီပါတဲ့သူ့အတွက်တော့ သိပ်ကိုလွယ်ကူလွန်းလှသည်။

ထိုအကတွင် နစ်မျောနေသူများကလဲ ဒုနဲ့ဒေးဖြစ်သလို ထိုအကကိုဖန်တီးတဲ့ ဖန်တီးရှင်အလှလေးကို လိုချင်​နေကြသူကလဲ ဒုနဲ့ဒေး။

ဂျီမင်းရဲ့တာဝန်ပြီးပြီမလို့ bar ရဲ့နောက်ခန်းထဲကိုဝင်လာခဲ့သည်။ အခုလိုအဝတ်အစားမျိုးတွေနဲ့ ဖျော်ဖြေရတဲ့နေ့ဆို စိတ်ပင်ပန်းလှသည်။ အဝတ်လဲခန်းထဲအဝတ်လဲမလို့လုပ်တုန်း...

"အမယ်လေး... တကယ်တော်တဲ့ငါ့တူလေး ငါ့ရဲ့ငွေတွင်းလေး "

" တီလေး ကျွန်တော်စိတ်ညစ်နေတာနော် "

"ဘာတွေများညစ်စရာရှိလို့လဲ ကဲထား ဒီညတော့လက်ခံလိုက် "

"တီလေး! "

"ငါ့ကိုလာအော်မနေနဲ့ ငါတို့လမ်းဆုံးနေပြီ "

"ကျွန်တော့်လမ်းဆုံးနေတာ မဟုတ်ဘူး တီလေးရဲ့လမ်းဆုံးနေတာ "

" ငါ့ကိုပြန်မပြောနဲ့ နင့်လူပျိုရည်ဘဝကို ထိန်းသိမ်းထားတော့ရော ဘာရမှာမလို့လဲ အေး ငါခိုင်းတာသာလုပ်လိုက်ရင် ငွေဆိုတာလေ မာရီ့ လက်ထဲမှာ ဟော့သလို ဟော့သလိုကို ဖြစ်နေ​တော့မှာ ကိုယ့်အဒေါ်ကိုလဲ သနားပါဦး "

"တီလေးက ကိုယ့်တူကိုရောင်းစားနေတာ "

"ဟဲ့ ငါကလဲနင့်ကို မကောင်းတဲ့သူလက်ထဲထည့်ပါ့မလား နင့်ကိုပြောရတာလေ လေသာကုန်တယ် သွားမယ်။ ငါတော့စိတ်ညစ်တာပဲသိတယ် ဖဲကြွေးကတစ်မျိုး နင်ကတစ်မျိုး! "

MINE [ Completed ] Where stories live. Discover now