MINE-11

5.6K 314 4
                                    

" အင်း...ဟင်းးးး..!! "

အခန်းထဲငြီးငြူသံတစ်ချို့ပြန့်နှံ့လာတော့ အလုပ်သွားမလို့လုပ်တုန်းကနေ ထိုကောင်လေးဆီကိုခြေဦးလှည့်မိသည်။ ညကလဲပင်ပန်းထားတာကြောင့် နေမြင့်နေပြီဆိုပေမယ့်မနှိုးပဲအိပ်စေလိုက်သည်။

" ဟင့်..! "

ငြီးငြူသံနှင့်အတူရှိုက်သံတစ်ချို့ပါကြားလိုက်ရတာကြောင့် ခေါင်းအထိခြုံထားတဲ့စောင်ကိုဆွဲချလိုက်တော့ နီရဲနေတဲ့မျက်နှာလေးမှာမျက်ရည်တွေဗရပွ!

" ကျစ်! ဘာဖြစ်တာလဲ..ဘာဖြစ်လို့ငိုနေတာလဲ ကိုယ့်ကိုပြော.."

" ဟင့်...!! "

ဘာမှပြောမလာပဲ ပို၍ပင်ငိုလာသည်မို့ နဖူးကိုစမ်းကြည့်လိုက်တော့ ပူကျစ်နေသည်။

" ဖျားနေတာကို ဖျားတယ်လို့မပြောပဲ ဘာလို့ငိုနေတာလဲ..."

" ဟင့်အင်း..! "

" အေး..အဲ့လိုသာနေ သေနေရင်တောင်ငါမသိပဲနေမယ်..! "

" ဟင့်..! "

ဟုတ်တယ်လေ..ဂျီမင်းဘယ်လိုပြောရဲမှာလဲ။ ညကခဏလှဲနေရင်းကနေ အိပ်ပျော်သွားသည်။ သန့်ရှင်းရေးပါလုပ်ပေးပြီး အဝတ်အစားလဲပေးကာ ဆိုဖာပေါ်မှာသိပ်ထားမှန်းလဲသိသည်။ နိုးလာတော့ ခန္တာကိုယ်တစ်ခုလုံးညောင်းနေကာ လှုပင်မလှုပ်ချင်။ သေချာပေါက်ဖျားနေပြီဆိုတာကိုသိလိုက်သည်။ ညကရေအကြာကြီးစိမ်နေလိုက်ရတာရယ် ဟိုကိစ္စဖြစ်သွားတာရယ်ကြောင့် ဖျားမှန်းသိသည်။ 

တစ်အိပ်ယာထဲတောင်အတူမအိပ်နိုင်တဲ့သူ ဂျီမင်းကိုအမြင်မကြည်ဖြစ်နေတဲ့သူကိုပြောတော့ရော ဘာများထူးမှာမလို့လဲ။ သူ့အတွက်စိတ်အနှောင့်အရှက်ဖြစ်သွားရင် မကောင်းဘူးမလား။ ပထမဆုံးအကြိမ်ကတောင် သူ့တပည့်နဲ့လွှတ်ထားတာကို ။

ညကဟိုကိစ္စဖြစ်ပြီးချက်ချင်းအိပ်ပျော်သွားတော့ နာကျင်မှုကသိပ်မသိသာသေး အခုတော့သိသိသာသာကိုနာကျင်လှသည်။ သူထွက်သွားမှထမလို့စိတ်ကူးထားပေမယ့် ဂျီမင်းနာကျင်မှုကိုအံတုမနေနိုင်တဲ့အဆုံး ငိုလိုက်မိတော့သည်။

ဂျီမင်းကိုဂရုစိုက်ပေးမယ့်သူ မရှိဘူးဆိုတဲ့အသိကြောင့်ပို၍ပင်ဝမ်းနည်းရသည်။

MINE [ Completed ] Where stories live. Discover now