Kim company အတွင်း ယောက်ယက်ခတ်နေတဲ့ ဝန်ထမ်းတစ်ချို့...
" ဒုက္ခပဲ ဒီလငါတို့လစာထုတ်ရသေးတာမဟုတ်ဘူး..သတင်းတွေသာမှန်ရင်တော့ သွားပါပြီ.."
" အေးလေဟာ.. ပိုက်ဆံမရှိလို့ လုပ်ပါတယ်ဆို.."
" လကုန်ရင်ဆပ်ရမယ့်အကြွေးတွေက မနည်းဘူး..ငါတော့စိတ်လေတယ်.."
" ငါရောပဲ..လကုန်ပေးတွေအများကြီးဝယ်ထားတာ.."
" ဟဲ့ ဟိုမှာလာနေပြီ.."
ရှယ်ယာရှင်အစည်းအဝေး....
" ဒီကိစ္စကိုဘယ်လိုတာဝန်ယူမှာလဲ mr. Kim"
" ကျွန်တော်အားလုံးကိုဖြေရှင်းပေးမှာပါ.."
" ဒီစကားကို ငါတို့ကယုံရမှာလား...company ငွေအလွဲသုံးစားလုပ်ထားတဲ့အပြင် အခု company ပါဒေဝါလီခံရတော့မှာ.."
" အားလုံးကို တောင်းပန်ပါတယ်.."
" တောင်းပန်ရုံနဲ့ မပြီးဘူးကွ.."
ချပ်!
ရုတ်တရက် အခန်းဝင်လာတဲ့
ဂျွန်ဂျောင်ကုကြောင့် Kim မျက်နှာပျက်သွားရသည်။ ဂျွန်ဂျောင်ကုက သူရှိရာတည့်တည့်ကို လျှောက်လာပြီး..." နေရာလေးဖယ်ပေးပါ အဟွင်း! "
" ဘာကွ တောက်စ်! "
" ဟုတ်ပါတယ် mr. Kim ခင်ဗျားနေရာဖယ်ပေးလိုက်ပါ.. mr. Jung ကအားလုံးကိုတာဝန်ယူပြီး ဖြေရှင်းပေးမှာမလို့ ခင်ဗျားဒီနေရာကထွက်သွား.."
" ဘာ..ခင်ဗျားတို့ ဒါဘာသဘောလဲ... ကျုပ်နေရာကို ဖယ်မပေးနိုင်ဘူး..!'
" ဒါဆို ကျွန်တော်တို့ရှယ်ယာရှင်တွေက ခင်ဗျားကိုတရားစွဲရလိမ့်မယ်...အခုလက်ရှိမှာ mr. Jung ကရှယ်ယာအများဆုံးပိုင်ထားတာ.."
" ဘာ..! "
" ဟုတ်ပါတယ် Kim ခင်ဗျားထွက်သွားဖို့အေးဆေးပြောချင်ပါတယ်.."
" တောက်စ်!! "
Kim လက်ဆွဲအိတ်ကိုယူကာ ထွက်လာခဲ့ရသည်။ company ဘက်မှာပြဿနာတွေဖြစ်နေသည့်အပြင် မှောင်ခိုဘက်မှာပါ အရှုပ်အရှင်းတွေကရှိနေပြန်သည်။ ကိုယ့်လူတွေက ဂျွန်ဂျောင်ကုလက်ထဲ ရောက်နေပြီး တစ်ချို့ကရဲလက်ထဲမှာရှိနေတော့ ဒီကိစ္စကလဲ မကြာခင်မှာ ပေါ်တော့မယ့်ပုံဖြစ်နေသည်။ သားငယ်လေး ကိစ္စကလဲရှိနေသေးသည်။
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed