MINE-21

5.2K 291 21
                                    

တရွေ့ရွေ့မောင်းနှင်နေတဲ့ကားလေးထဲ တပြွတ်ပြွတ်နမ်းနေသူနှစ်ဦး...

" ဂျွန်..တော်တော့..မောနေပြီ "

" ဒီနှုတ်ခမ်းလေးလား..ဟမ်! တွေ့သမျှလူကိုပြုံးပြတာ.."

" သူတို့က လာပြုံးပြတော့ ကျွန်တော်လဲပြုံးပြရမှာပေါ့..အင့်! "

ဂျီမင်း နေပြန်ကောင်းသွားတော့ တစ်ရက်လောက်သာ ဂျပန်မှာနေပြီ ကိုရီးယားပြန်ခဲ့ကြတာဖြစ်သည်။ အပြန်ကိုတော့ ကိုယ်ပိုင်လေယာဥ်နဲ့မဟုတ်တော့ လေယာဥ်ကွင်းကိုသွားရသည်။

လေယာဥ်ကွင်းမှာလူလဲများကာ နိုင်ငံခြားသားတစ်ချို့ဆို ဂျီမင်းကိုလာနှုတ်ဆက်​ကြသေးတာ.. အဲ့တာတွေကို ပြန်နှုတ်ဆက်တော့လဲ ဂျွန်ကမကြိုက်...

ပြီးတော့ လူတစ်ကာကိုပြုံးပြပါတယ်ဆိုပြီး
လေယာဥ်ပေါ်မှာပါ သူ့အပိုင်မှန်းသိအောင်တဲ့ ခဏခဏနမ်းနေတာ အခုအိမ်ပြန်လမ်းကားပေါ်မှာပါ အနမ်းတွေက အဆုံးမသတ်သေး...

" လူတကာကို ပြုံးပြနေစရာမလိုဘူး ကိုယ်ပြောတာကြားလား.."

" ဟုတ်..ကျွန်တော်သိပါပြီ "

" ဒီနှုတ်ခမ်းက ဘာလို့ဆူနေတာလဲ.."

" ဂျွန် နမ်းလို့ ဆူနေတော့တာ.."

" မင်း..ကိုယ့်ကိုစိတ်ဆိုးလို့မလား.."

" မဟုတ်ပါဘူး.."

" ရောက်ပြီ လာ ကားပေါ်ကဆင်းမယ် "

" ဟုတ်.."

" အခန်းထဲရောက်မှ အနမ်းတွေထပ်ဆက်မယ်.."

" ဂျွန်နော်..ကျွန်တော်မောနေပြီလို့.."

ဝုတ်! ဝုတ်!

ဂျီမင်း ကားပေါ်ကဆင်းတာနဲ့ တစ်ပြိုင်နက် ဘမ်ကပြေးကာ လာနှုတ်ဆက်တော့သည်။

" ဘမ်..မင်းငါ့ကိုလွမ်းနေတာလား.."

ဝုတ်! ဝုတ်!

ဂျီမင်းကမေးတော့ အမြှီးလေးတနံ့နံ့နဲ့ ဂျီမင်းခြေထောက်နားတဝဲလည်လည်လုပ်နေတော့သည်။ ကျွန်တော်လဲ ခေါင်းတွေပွတ်သပ်ပေးကာ ဘမ်နဲ့အလွမ်းသယ်လိုက်တယ်...

"ဘမ်! မင်းကသခင်မှားသွားတာလား.."

ဝုတ်! ဝုတ်!

MINE [ Completed ] Where stories live. Discover now