သာယာအေးချမ်းသော နံနက်ခင်းလေးတစ်ခု....
" သားရေ... မထသေးဘူးလား..ပါး မနက်စာပြင်ပြီးပြီနော်..ဂျောင်မင်..သားလေး..."
ဒေါက်! ဒေါက်!
" သား...ချစ်ဆုံး.."
ဂျီမင်းနဲ့သားလေးအတူအိပ်တဲ့အခန်းထဲ
ဝင်ကြည့်လိုက်တော့ အိပ်ယာထက်မှာ သားကိုမတွေ့တာကြောင့် ရေချိုးခန်းထဲဲသွားကြည့်လိုက်တယ်။ ရေချိုးခန်းထဲသွားကြည့်ပြန်တော့လဲမရှိ...ထို့ကြောင့် အခန်းပြင်ထွက်ခဲ့လိုက်ပြီး သားကစားနေကျနေရာကိုသွားကြည့်လိုက်တော့..
" သား.... "
" ဂျာ.... ပါး.."
" ကြည့်ဦး အိပ်ယာထတာကို အခုထိမျက်နှာမသစ်သေးဘူးလား.."
" သားက သစ်မလို့ကို သူတို့က ကစားချင်နေလို့.."
" ဒီနေ့ အတန်းသွားရမှာလေ...'
" ဟင့်အင်း..ကျောင်းသွားဝူး.."
" မရဘူးလေ သားရဲ့.. "
" ဟင့်အင်း..ဆရာမတေက စာပဲမေးနေတာ သားကြိုက်ဘူး.."
သားလေးက အခုမှ၃နှစ်သာ ရှိသေးပေမယ့် လူမှုဆက်ဆံရေး၊ ပေါင်းတတ်သင်းတတ်အောင် သူငယ်ချင်းတွေနဲ့ပျော်ပျော်နေတတ်အောင်..ဗဟုသုတရအောင်ဆိုပြီး မူကြိုလေးထားထားတာဖြစ်သည်။ ဒါပေမယ့် သားကမသွားချင်....
ကျွန်တော်လဲ ဒီနှစ်တွေအတွင်း ကိုယ်ဝါသနာပါရာအလုပ်ကို လုပ်လာခဲ့တာ အနည်းငယ်တော့အဆင်ပြေလာတယ်လို့ ပြောရမယ်...
သားလေး ၁နှစ်ပြည့်တော့ ကျွန်တော် ကလေးနဲ့တိုက်ခန်းငှားနေပြီး အလုပ်တစ်ခုခုလုပ်မယ်လို့ စိတ်ကူးထားပေမယ့် အဆင်မပြေပါ..ပြီးတော့ ဘိုးဘိုးကလဲ သဘောမတူ...
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed