MINE -5

5.3K 336 13
                                    

"ဟျောင်းတို့ ကျွန်တော်ရောက်ပြီ "

"အင်း ဂျီမင်း "

"ဟျောင်းတို့ဆိုတော့ ကျွန်တော်မပါဘူးပေါ့နော် "

" မဟုတ်ပါဘူး ဂျီဟိုရယ် "

"ကျွန်တော်ကစတာပါ ဒီနေ့မနက်ဟျောင်း မလာလို့လားမသိဘူး ဆိုင်ကလူကိုမကျဘူး "

ဂွက်!

"ဟိုဆော့ဟျောင်း! နာတယ်နော် "

"မင်းအပိုတွေပြောနေလို့ "

"လူကိုအမြဲအနိုင်ကျင့်တယ် "

ဂျီမင်း ဟိုဆော့ဟျောင်းတို့စနောက်နေတာတွေကို လျစ်လျူရှုကာ အဝတ်လဲခန်းထဲဝင်လာခဲ့သည်။ အခွင့်အရေးလေးများ ရမလားဆိုပြီးသွားမိပါတယ် အထင်သေးခံ ၊ အပြောဆိုခံလာရသည်။ ယွန်ဂီဟျောင်းကိုတောင် သစ္စာဖောက်မယ့်လူလိုမျိုးပြောလာသေးသည်။ တကယ် အမြင်ကတ်ဖို့ကောင်းတဲ့လူ။

ဂျီမင်းအပြင်ထွက်လာတော့ ဟိုဆော့ဟျောင်းက..

"ဂျီမင်း ဒါလေးအမဆိုဖီယာဝိုင်းကို သွားချပေးပါဦး "

"ဟုတ် ဟိုဆော့ဟျောင်း "

ဂျီမင်း ကော်ဖီခွက်ကိုယူကာ အမဆိုဖီယာထိုင်တဲ့ဝိုင်းနားသွားချပေးလိုက်သည်။ အမကအေးအေးဆေးဆေးနေရတာကိုကြိုက်ပုံရကာ လူရှင်းပြီး ဂျောင်ကျတဲ့ဝိုင်းနားလေးမှာပဲ အမြဲထိုင်တတ်သည်။

ဂျီမင်း ကော်ဖီခွက်ကိုချပေးလိုက်သည်။

"ကျေးဇူးနော် ဂျီမင်း "

"ဟုတ် ရပါတယ် "

"ဂျီမင်းကိုကြည့်ရတာ အေးချမ်းလိုက်တာ "

"ဗျာ! "

"အမစိတ်ညစ်နေလို့ထင်ပါရဲ့ ဂျီမင်းလိုကြည်ကြည်လင်လင်လေးတွေမြင်ရင်အားကျတယ် "

"လူတိုင်းက ကိုယ့်အခက်အခဲနဲ့ကိုယ်ပါ ကျွန်တော်လဲမအေးချမ်းပါဘူး "

" အမ မင်းကိုရင်ဖွင့်လို့ရလား "

" ..... "

"အဆင်မပြေရင်လဲရပါတယ် အမမှာရင်ဖွင့်ရမယ့်လူမရှိလို့ တောင်းဆိုမိတာပါ "

"ရပါတယ် ကျွန်တော်နားထောင်ပေးနိုင်ပါတယ် "

ဂျီမင်း အမဆိုဖီယာနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

MINE [ Completed ] Where stories live. Discover now