လက်ထဲမှာကိုင်ဆောင်ထားတဲ့ ဆီးစစ်တံကအဖြေကြောင့် ဂျီမင်းမျက်လုံးတို့ပြူးကျယ်ကုန်ပြီး ဘိုထိုင်အိမ်သာပေါ်မှ ထရပ်လိုက်မိသည်။
ဒါ..ဒါက..
" ကိုယ်ဝန်ရှိနေတာလား..? "
ဆီးစစ်တံမှာ ထင်ထင်ရှားရှားမြင်နေရတဲ့ အနီကြောင်းလေး၂ကြောင်းကြောင့် ရေရွတ်လိုက်မိခြင်း။
ဂျီမင်းအခုတလော နေရထိုင်ရ မအီမသာဖြစ်နေတာရယ်၊ ခေါင်းတွေမကြာခဏမူးပြီး အန်ချင်နေတာရယ်ကြောင့် စိတ်ရှင်းသွားအောင်ဆိုပြီး ဆီးစစ်တံဝယ်လာခဲ့လိုက်တာ။ အခုတော့ အဖြေကရှင်းရှင်းလင်းလင်း...
ဒေါက်! ဒေါက်!
" ကလေး ရေချိုးခန်းထဲမှာလား "
အပြင်က ကျွန်တော့်ဂျွန်ရဲ့ အသံကြားတာကြောင့် လက်ထဲက ဆီးစစ်တံဖွက်လိုက်မိတယ်။
" ဟုတ်..ဟုတ်တယ် ဂျွန် "
ဂျီမင်းရဲ့ဖြေသံကြားမှ အပြင်ကအသံတိတ်သွားသည်။ ဂျွန့်ကိုဘယ်လိုပြောရမှာလဲ။ သားလေးကျွန်တော့်ဗိုက်ထဲ စရောက်တုန်းကလဲ ဂျွန့်ကိုကျွန်တော်ကိုယ်တိုင် ပြောခွင့်မရခဲ့တော့ အခုပြောရမှာကို ရှက်နေမိသည်။
" ဂျွန် ကျွန်တော့်မှာကိုယ်ဝန်ရှိနေပြီ " မဟုတ်သေးဘူး။ အဲ့လိုပြောလို့ မဖြစ်ဘူး.. ဆီးစစ်တံကိုပဲ ပြလိုက်ရမလား။ အဲ့တာဆို ဘယ်ရင်ခုန်ဖို့ကောင်းတော့မလဲ။
" ဗိုက်ကြီးနေပြီ " အားးးးး ဂျွန်ဂျီမင်းရယ် တုံးတိကြီး။
" သားအတွက် မကြာခင်အဖော်လေးရောက်လာတော့မယ်.. " အဲ့တာလဲမကောင်းဘူး။
ဒေါက်! ဒေါက်..
" ရေချိုးခန်းထဲမှာ ကြာနေပြီနော်..ကလေး တစ်ခုခုဖြစ်လို့လား "
" ဘာမှမဖြစ်ဘူး ဂျွန်..ကျွန်တော်လာပြီ "
ဆီးစစ်တံကိုဘောင်းဘီအိတ်ကပ်ထဲ ထည့်ဖွက်ခဲ့ပြီး လူကအပြင်ထွက်လာခဲ့ပေမယ့် စိတ်ထဲမှာတော့ ဂျွန့်ကိုဘယ်လိုအသိပေးရမလဲဟုသာ တွေးနေမိတယ်။
" မျက်နှာတွေလဲ နီရဲနေတယ်..နေမကောင်းဘူးလား "
မွေ့ယာပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ကို ဂျွန်ကရှပ်အင်္ကျီကြယ်သီးတွေ ဖြုတ်ရင်းဖြင့်လှမ်းမေး၏။
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed