" ဂျွန်ဂျောင်ကု! အဲ့တာမင်းလွန်လို့ဖြစ်ရတာ..
ဂျီမင်းကိုဆို မင်းက အမြဲမစာမနာ အနိုင်ကျင့်တာ..ကလေးကိုပါ ဖျက်ချဖို့ပြောလိုက်တော့ ဟိုကစိတ်တိုမှာပေါ့.."" သွားတော့ထယ်ယောင်း... အကူအညီမရပဲ ဆရာလာလုပ်နေမယ်ဆိုပြန်တော့.."
" ကျေးဇူးကန်းတဲ့ကောင်..! ဂျီမင်းရေပြန်မလာပါနဲ့ ယောင်္ကျားသာယူနေ! "
" သေချင်နေတာလား! ကင်မ် ထယ် ယောင်း!! "
" သွားပြီ! "
ဟာကွာ! ဒုန်း!!
၈လ... အခုဆို ၈လရှိနေပြီ..ဂျီမင်းပျောက်သွားတာ... ဂျောင်ကု လူတွေသုံး၊ ငွေတွေသုံးပြီး ကြိုးစားကာရှာနေပေမယ့် အစအနပင်ရှာလို့မရခဲ့ပါ...
ကိုယ့်ကို အရမ်းများစိတ်ဆိုးသွားတာကလေးရယ်... ကိုယ့်ကို ဒီလောက်ပဲ အပြစ်တွေပေးပါတော့ကွာ...
ဂျောင်ကု ထိုကောင်လေးပျောက်သွားပြီးကတည်းက သူ့ပုံရိပ်လေးတွေ..သူ့အသံလေးတွေကို ခဏခဏကြားယောင်ကာ လွမ်းရသည်။ သူ့ရဲ့ချွဲချွဲနွဲ့နွဲ့အသံလေးတွေကို ကျွန်တော်ဘယ်လောက်ထိလွမ်းလဲဆို..ပြောမပြတတ်အောင်ပါပဲ...
ကျွန်တော်မသိလိုက်ခင်မှာပဲ သူ့ကိုသိပ်ချစ်မိသွားခဲ့တာကိုး... ရင်ဘတ်ထဲကအနက်ရှိုင်းဆုံးနေရာထိဝင်ရောက် တွယ်ငြိသွားခဲ့တာ..
ကိုယ် မင်းကိုသိပ်ချစ်ကြောင်းတောင်မပြောလိုက်ရပါလား..ကလေးရယ်... ကိုယ်ဘယ်လောက်အထိချစ်တယ်ဆိုတဲ့အကြောင်းကို ပြောပြီး မင်းနဲ့အတူမိသားစုဘဝလေးကို ကိုယ်ဖြတ်သန်းချင်တာပေါ့... ကိုယ့်ဆီပြန်လာပါတော့ကွာ...
ဂျောင်ကု ဖုန်းမှန်ပြင်တွင် wallpaper ထားတဲ့ပုံလေးကိုကြည့်ကာ မျက်ရည်ကျမိပြန်သည်။ ထိုကောင်းလေး ဖျားနေတဲ့အချိန် ကိုယ့်အခန်းထဲအိပ်နေတုန်း အသဲယားစွာရိုက်ယူထားတဲ့ပုံလေး... ဂျောင်ကုလက်က သူ့ရဲ့ခပ်ရဲရဲနှုတ်ခမ်းလေးကိုဖျစ်ညှစ်ထားသေးတာဖြစ်သည်။
ကိုယ်မင်းကိုအရမ်းလွမ်းတယ်....
ထိုဖုန်းမှန်ပြင်မှာ ရှိနေတဲ့ ထိုကောင်လေးရဲ့ပါးပြင်နုနုကို အနမ်းပေးလိုက်သည်။ ကိုယ်မင်းရဲ့ပါးပြင်နုနုကို ထပ်ခါထပ်ခါ အနမ်းတွေပေးချင်သေးတာ ကလေးရဲ့...
YOU ARE READING
MINE [ Completed ]
Hayran KurguWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed