MINE -12

5.6K 322 22
                                    

" ဒီနေ့ ဘမ် အိမ်ပြန်လာမယ် ရင်းနှီးအောင်နေ..! "

" ဟင်! ဘမ်.."

ဂျီမင်းသူပြောတဲ့နာမည်အတိုင်း သံယောင်လိုက်ကာပြောမိသည်။
" ဘမ်ကမကိုက်တတ်ဘူး " အာ....ခွေးဖြစ်မယ်။ ဂျီမင်းကိုလျှာတန်းလန်းကြီးနဲ့လိုက်တဲ့ခွေး။ ဂျီမင်းစရောက်သည့်ညကသာတွေ့လိုက်ရပြီး နောက်နေ့အိမ်မှာမရှိတော့တာ...

" ကျစ်! ဆပ်ပြာတိုက်တာကိုသေချာတိုက်လေ..! "

သူ့ကျောကိုဆပ်ပြာတိုက်ပေးရင်းအတွေးများနေတာကြောင့် အအော်ခံလိုက်ရသည်။ ပခုံးပေါ်ကကိုက်ရာခပ်ရေးရေးကြောင့် မျက်နှာတစ်ပြင်လုံးရဲတတ်သွားပြန်သည်။ အခုထိရှိနေသေးတာလား...

" ရပြီ အဝတ်အစားထုတ်ထားလိုက်တော့..! "

သူပြောတဲ့စကားအတိုင်း ရေချိုးခန်းထဲကထွက်ခဲ့လိုက်ပြီး အဝတ်လဲခန်းထဲဝင်ကာ အဝတ်အစားထုတ်ထားလိုက်သည်။ အချိန်ကိုက်ပါပဲ သူကတဘတ်တစ်ထည်နှင့်အဝတ်လဲခန်းထဲဝင်လာသည်။ သူအက်ျီဝတ်တာကိုလဲ ကူညီပေးရသည်။ ထို့နောက် ဆံပင်တွေကိုသေချာပုံချကာ သူစွတ်နေကျရေမွှေးကိုစွတ်ကာ ဂျီမင်းကိုစကားတစ်ခွန်းမှမပြောပဲ အပြင်ပြန်ထွက်သွားသည်။

ယွန်ဂီဟျောင်းနဲ့ပတ်သတ်တဲ့ကိစ္စကိုမေးလိုက်တဲ့နေ့က ဂျီမင်းကိုအချိန်အတော်ကြာသည်ထိနမ်းသည်။ နမ်းပြီးတော့ ဂျီမင်းကိုစကားမပြောတော့...။ လိုအပ်တာကိုသာပြောပြီး ဂျီမင်းကိုစေ့စေ့ပင်မကြည့်..!

" ဟိုတစ်ယောက် အဲ့အခန်းထဲမှာဘာလုပ်နေတာလဲ..! "

သူ့အသံကြောင့် အခန်းပြင်အမြန်ထွက်လိုက်တော့ အလုပ်သွားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

" ဟို..မနက်စာပြင်ပေးရမှာလား..! "

" မလိုဘူး အပြင်မှာစားမှာ..! "

သူကားပေါ်တတ်ပြီး ကားအနက်ရောင်ကြီးမောင်းထွက်သွားသည်အထိ ရပ်နေပေးပြီး ခြံပြင်ရောက်သွားပြီဆိုတာနဲ့ ထခုန်မိသည်။ သူမရှိရင်တကယ့်လွတ်လပ်ရေးရသလိုပဲ...

" yes.....! ဟင်..."

အပျော်ပင်မဆုံးသေး ကားအနက်ရောင်ကြီးကခြံထဲ​ပြန်ဝင်လာတာကြောင့် မူမပျက်ရပ်နေလိုက်ရသည်။

MINE [ Completed ] Where stories live. Discover now