အိမ်ရောက်လို့ ကားရပ်သွားတော့ ဂျောင်ကုအိမ်ထဲဝင်ကာ ဂျီမင်းကိုအရင်ဆုံးရှာမိသည်။ အချစ်စကားပြောတာကို romatic ဆန်ဆန်လေးစိတ်ကူးထားတာကြောင့် ထိုကောင်လေးကိုအပြင်သွားဖို့ပြင်ဆင်ခိုင်းရမယ်လေ...
ဒေါက်! ဒေါက်!
" ဂျီမင်း အထဲမှာရှိလား.."
ဒေါက်! ဒေါက်!
တဖက်ကအသံပြန်ပြုမလာပဲ တိတ်ဆိတ်နေတာကြောင့် အိပ်နေတယ်လို့သာတွေးလိုက်ပြီး အခန်းထဲဝင်သွားလိုက်တော့ မကြာခင်ကမှ အိပ်ယာထသွားတဲ့ပုံစံ..
ရေချိုးခန်းထဲဝင်ကြည့်တော့လဲ မရှိ...
" ဂျီမင်း.."
အခန်းပြင်ပြန်ထွက်ခဲ့ပြီး ကိုယ့်အခန်းထဲများရှိမလားသွားကြည့်တော့လဲ မရှိပြန်...ဖုန်းဖွင့်ကာ
ဂျီမင်းရဲ့တည်နေရာကိုကြည့်တော့လဲ အိမ်ထဲမှာပဲပြနေတာဖြစ်သည်။စိတ်ထဲအနည်းငယ် လေးလန်လာတော့ ဘမ်နဲ့ဆော့နေကျနေရာကိုအပြေးသွားကြည့်လိုက်သည်။
ဟာ...! ဘယ်တွေသွားနေတာလဲ ကလေးရာ.." ဂျီမင်း အပြင်ထွက်တာတွေ့သေးလား.."
ဘေးနားမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားလေးကိုလှမ်းမေးကြည့်လိုက်တော့...
" ဟုတ်..ခဏနေကတော့ ခြံပြင်ကိုထွက်သွားတာတွေ့လိုက်ပါတယ်.."
" ကြာပြီလား.."
" ၁၅ မိနစ်လောက်တော့ရှိပါပြီ.."
တောက်စ်! အိမ်မှာစိတ်ချရတာကြောင့် အစောင့်တွေမထားဖြစ်တာ...
ခြံပြင်ကိုအပြေးသွားကြည့်ပြန်တော့လဲ အရိပ်အယောင်ပင်မတွေ့ရသည်မို့ စိတ်တွေပူလာရသည်။ ခြံထဲပြန်ဝင်မလို့လုပ်တော့..
ဟင်!! အဝါရောင်ကွင်းထိုးဖိနပ်လေးတစ်ဖက်...ဂျီမင်းအိမ်မှာနေရင်စီးနေကျဖိနပ်လေးဖြစ်သည့်မို့ လူကပြာဝေသွားရသည်။
ဟာကွာ..!! ခြံထဲအမြန်ပြန်ဝင်ကာ CCTVကို
ကြည့်ဖို့သွားရပြန်သည်။ Kris ကိုပါလှမ်းခေါ်ထားတော့ ခဏအတွင်းရောက်လာသည်။CCTV စကြည့်တော့ လွန်ခဲ့တဲ့ ၁၅မိနစ်လောက်ကသာရှိသေးသည်။ အပြာရောင် pajamas ကိုကာတွန်းရုပ်လေးတွေပါတဲ့ ဝမ်းဆက်လေးနဲ့အပြင်ထွက်လာသည်။ ဘမ်ရောအနောက်ကလိုက်လာသေးသည်။
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed