တရွေ့ရွေ့မောင်းနှင်နေတဲ့ကားလေးထဲ ဂျီမင်းအတွေးများလျက်လိုက်ပါလာရသည်။ ဂျွန်ဂျောင်ကုဆိုတဲ့လူက မနက်ကပြဿနာလာရှာပြီး ညဘက်ကြီးချက်ချင်းတွေ့ဖို့ခေါ်သည်။Kris ဆိုတဲ့လူကိုယ်တိုင်လာခေါ်တာကြောင့် အမြန်ပြင်ဆင်ပြီးလိုက်သွားရသည်။ ညစာအတူစားဖို့ခေါ်တာတဲ့..သူနဲ့ကိုယ်နဲ့ကညစာအတူစားဖို့အထိရင်းနှီးမနေတာကို သူရောကိုယ်ရောသိတာပဲ။
ဆိုင်အပြင်အဆင်ကအတော်လေးခမ်းနားကာ ဂျီမင်းတို့လိုသာမာန်လူတန်းစာတွေ ခြေချဖို့တောင်ဝံ့ရဲမှာမဟုတ်။ တတိယအထပ်အထိ Kris ကဂျီမင်းကိုခေါ်သွားသည်။
" ဝင်သွားလိုက်ပါ သူဌေးစောင့်နေတယ် "
ဂျီမင်းခေါင်းညှိတ်ပြပြီး ဝင်သွားလိုက်တော့ အခြားလူတွေတစ်ယောက်မှမရှိပဲ ဟိုလူကအလယ်ကျကျစားပွဲမှာထိုင်နေသည်။ ဆိုင်ကိုငှားထားတာလားလို့တောင် ဂျီမင်းတွေးလိုက်မိသေးသည်။ မဖြစ်နိုင်တာပဲ..
ထိုလူက နက်ပြာရောင် suit ကိုဝတ်ဆင်ထားကာ ဆံပင်တွေကိုလဲအကုန်အပြောင်သိမ်းထားသည်။ ခပ်တည်တည်နေတတ်ပေမယ့် ထိုပုံစံကသူ့ရဲ့အားသာချက်ဖြစ်နေတာလားတော့ ဂျီမင်းမပြောတတ် အမြဲကြည့်ကောင်းနေတာတော့အမှန်...
ဂျီမင်းသူထိုင်နေတဲ့စားပွဲနားလျှောက်သွားလိုက်ပြီး ဘေးတွင်ရပ်နေလိုက်သည်။ သူထိုင်လို့မပြောမချင်း မထိုင်ဘူးလို့ဆုံးဖြတ်ထားသည်။" ထိုင်..! "
ဂျီမင်းသူပြောမှာ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။ ဂျီမင်းထိုင်လိုက်ပြီးနောက် ဂျီမင်းတို့စားပွဲကို steak ၊ ဝိုင်နဲ့ စားစရာအချို့လာချပေးသည်။ ဂျီမင်းတကယ်ထိုအစားအစာတွေကို မစားဖူးပါ။ စားကြည့်ချင်ခဲ့ဖူးပေမယ့် ငွေရေးကြေးရေးအခြေအနေအရ အပြင်စာကိုတောင်နပ်မှန်အောင်မစားဖြစ် ခေါက်ဆွဲတွေကသာအဖော်ဖြစ်ခဲ့သည်။
ဒါပေမယ့် ဒီလိုအစားစာတွေကိုစားရတော့မယ်ဆိုရင်တောင် အခုလို စိတ်ကျဥ်းကျပ်နေတဲ့အခြေအနေကြီးနဲ့တော့ မစားချင်ပါ။ အခုဟာက တစ်ဆိုင်လုံးမှာကသူနဲ့နှစ်ယောက်ထဲ။ သူ့ဘက်ကလဲ ထိုင် ဆိုတဲ့စကားကလွဲကျန်တဲ့စကားတွေမပြောလာသေးပဲ ဂျီမင်းကိုသာစူးစိူက်ကြည့်နေသည်။ ဂျီမင်းတကယ်နေရခက်တယ်။
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed