" sir. စုံစမ်းခိုင်းတဲ့ကိစ္စသိခဲ့ရပါပြီ... "
" အင်း "
" sir. ထင်တဲ့အတိုင်းပဲ ပတ်ခ်ဂျီမင်းက သူရဲ့သားပါ.."
ဂျောင်ကုမျက်ခုံးတန်းတွေ
လိုအပ်တာထက်ပိုကာ တွန့်ချိုးပြစ်သည်။ဂျောင်ကု ဂျပန်ရောက်နေတုန်း
Kim မိသားစုနဲ့ပတ်သတ်သမျှ အားလုံးကိုပို့ပေးလို့ထပ်သိလိုက်ရတာက သူတို့က လူတစ်ယောက်ကိုရှာနေတဲ့အကြောင်း...လွန်ခဲ့တဲ့ အနှစ်၂၀ကတည်းက ပျောက်နေသည့်ဆိုဖီယာရဲ့ အမေဖြစ်သူ။ သူတို့ထက်ပိုလျင်တဲ့ Kris ကြောင့် ဂျောင်ကုတို့က
အရင်သိကြိုသိခဲ့ရသည်။ ထို့ပြင် နောက်ဆက်တွဲအကြောင်းအရာတစ်ခုက ပတ်ခ်ဂျီမင်းက သူတို့နဲ့ ဆက်နွှယ်နေခြင်း။ဂျောင်ကု တကယ်မထင်ခဲ့။ ရန်သူလို့ သတ်မှတ်ထားတဲ့သူတွေက တစ်မိသားစုထဲဖြစ်နေလိမ့်မယ်လို့။
ထို့ကြောင့် ဂျောင်ကုရဲ့အစီအစဥ်တွေက
တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့ရပြန်သည်။" Kris ပြန်နားရင်နားလိုက်တော့.."
" ဟုတ်ကဲ့ပါ...ဒီနေ့ ရုံးမသွားဘူးလား sir. "
" အင်း "
Kris ထွက်သွားပြီးနောက် လက်ထဲကကောက်ဖီခွက်ကို မော့သောက်ရင်း လက်တစ်ဖက်ကဘောင်းဘီအိတ်ကပ်ထဲထည့်ထားကာ မျက်နှာမူရာ ရှေ့တည့်တည့်က ကန်ရေပြင်ကို အကြောင်းမဲ့ကြည့်နေမိသည်။
မင်းဒီထက်ပိုနာကျင်ရတော့မှာ ပတ်ခ်ဂျီမင်း...
မင်းကသူတို့ရဲ့ ကလေးဖြစ်နေခဲ့တာကို...
" မင်းက ဒီရောက်နေတာကိုး.."
" အင်း.."
" ငါရေကူးမလို့.."
" မေးမိလို့လား.."
" fuck! ပဲ "
ထယ်ယောင်းအမြင်ကတ်စွာ လက်ခလည်ထောင်ပြလိုက်သည်။ ရုပ်ကိုက တကယ်.. တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်!
ဗွမ်း! ဗွမ်း!
" ဂျောင်ကု..ငါဂျီမင်းကိုခေါ်ပြီး ရေအတူကူးလိုက်ရမလား.."
" ..... "
"အကြည့်ကြီးကလဲကွာ..ဟား..ဟား..ငါကစတာကို.."
YOU ARE READING
MINE [ Completed ]
FanfictionWarning Idols image ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါ။ # Jikook Fanfic Completed